မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Monday 24 September 2012

ရူးသွပ်ခြင်း

ရင်ခုန်သံကို   ယတြာချေ
ချစ်တယ်ဆိုတာကို  ပုတီးလုပ်ပြီး
နင် နဲ့   နီးအောင် မေတ္တာသုတ်ကို
ကိုယ်ဆယ့်ကိုယ်ခါ  ရွတ့်ပါ ဆိုခဲ့ရင်

ငါ
နှစ်ဆယ့်လေးပစ္စည်း  နဲ့  အောင်ခြင်းရှစ်ပါးကို
နေ့ ညမပြတ် ရွတ်ဆိုလိုက်ချင်တယ်
သေခြာတာက  ငါလုပ်မှငါဖြစ်တာ
ဘုရား ကို တလို့  မရဘူးလေ

လောကကြီးက  မတရားဘူးလို့ 
အော်နေရအောင်လဲ
သူ က ဘာမှလုပ်ခဲ့တာ
မဟုတ်ခဲ့ဘူးနော်

စိတ်ကူးလေးနဲ့ 
ရူးခဲ့ တာ
နင့်   နဲ့  ကျမှ
ထူးထူးခြားခြားပေါ့
ဟုတ်တယ် ငါ ရူးသွားခဲ့တာ

ထားစရာမရှိအောင် ချစ်ခဲ့တဲ့
ငါ့  အချစ်ကို
ထုပ်ပိုးပြီး  ဟိုးဝေးဝေး
နင်ရှိရာ အရပ်ကို
လေ နှင်ရာ လွင့် လာချင်မိတာ
နင်သိလေမလား.............

0 comments:

Post a Comment