မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Saturday 22 September 2012

♥´☂`♥ချစ်စိတ်♥´☂`♥



အာရုံမိုးသောက်လို့  အလင်းရောက်ရင်
ချစ်သူ့  ရင်ခွင်ထဲ
 တိုးဝှေ့  ဆိုးနွဲ့ 
နေချင်ခဲ့ တာ  ချစ်သူသိလေမလား
တကယ်ပါကွယ်  စိတ်ရှိလေသမျှ
ပြောပြရရင်
သိပ့်ချစ်မိနေတာ
ချစ်သူသိစေချင်တယ်
အပြစ်ဆိုတာ မြူတစ်မှုံ မရှိ
သံယောဇဉ် ရစ်သွယ်မိခဲ့တယ်
နှစ်ဦးသား ချစ်တယ်ဆို တဲ့
အသိလေးတွေနဲ့  ငြိတွယ်ခဲ့တာ
 ရှေ့ ဆက်ရမယ့် ခရီး အတွက်
ကိုယ်ဆီ အတွေး ရှိနေကြတာ
လိုအပ်ချက်တွေ ရှိအုံးမလား
ဘယ်သူခွဲခွဲ လက်တွဲမဖြုတ်ဖို့ 
ချစ်သူရေ ဆုပ်ကိုင်ထား
ဒီလက်များ
နောင်လာမယ့်
နှစ်များထိပေါ့ ချစ်သူ
မဆုံ နိုင်သေးတဲ့  ဒီအချိန်လေးကို
အတွေးလေးနဲ့   အတူရှိတယ် လို့ 
စိတ်ကူးလေး ထားမိရင်
တစ်နေ့  ဆိုတာ
နီးလာမှာပါ
ချစ်သူ....................

0 comments:

Post a Comment