မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Tuesday 25 September 2012

အတိတ်




ဆင်းရဲတစ်ခါ  ချမ်းသာတစ်လှည့်
နင် လျှောက်ခဲ့ဖူးတဲ့  ဘ၀ကိုလဲ
မမေ့ပါနဲ့ 
ငပိရည်ကျဲး  ဆန်ဇကွဲ နဲ့ 
စားခဲ့ဖူးတာ  သတိရပါ

တောဓလေ့ ကလေးဘ၀  တုန်းက
ခြေဗလာ နေပူတာကို သတိမထား
ပြေးလွှားကစားခဲ့တဲ့
ငါ  ဆိုတဲ့  သူငယ်ချင်း ကို
နင်  ရူးကြောင်းကြောင်း ကြည့်နေတာ
ဘ၀  မေ့တတ်ပြီးလား

ငွေ ဆိုတဲ့ ဒီအရာ တွေက
လူတကါ ရဲ့ စိတ်ကို ပြောင်းလဲ စေခဲ့တာ
နင်ရော  ပါခဲ့ပြီးလား   သူငယ်ချင်း

နင် ဆင်းရဲ တဲ့ ခဏ ခလေး ဘ၀က
အဖွား  ချက်ကျွေးတဲ့  ဟင်းကို
ခိုးကျွေးမိစဉ် ကျေးဇူးပါ တစ့်သက်
မမေ့ပါဘူးလို့   ပြောခဲ့တာ
နင်  မဟုတ်သလိုပါလားကွာ.....

ငွေရှိ  လို့  ဂုဏ်မောက်
စိတ်တွေ  ဘုံဖျားရောက်နေတာ
ပြန်တွေးကြည့်ပါ
တစ်ချိန် တစ်ခါ က
နင် ဘယ်လိုဆင်းရဲ ခဲ့တာ..

ချမ်းသာလို့  လဲ ၀မ်းမသာနဲ့ 
ဆင်းရဲ လို့ လဲ  ၀မ်းမနည်းနဲ့ 
ငွေဆိုတာအလဲကါး
လူ တကါရဲ့ စိတ်ကို
သူ လှည့်စား
အရာရာ ကို သတိထား
အတိတ့် ဆိုတာမမေ့ကောင်းတာ  နင်သိထားပါ
သူငယ်ချင်း  ရာ............................

1 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးခံစားသွားပါတယ်နော်

Post a Comment