မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Monday 4 March 2013

ကျရှုံး ခဲ့ လေ သလား...................



ကဝေ  တစ်ကောင်
ငို  ငြီးသံတွေ
ဆူညံနေတဲ့  
ည..........

စုတ်ချက် ပြင်းပြင်းနဲ့ 
ရေးဆွဲခံရတဲ့
ပန်းချီ ကား
နှလုံးသား  ရဲ့   လျှို့ ဝှက်ချက်
အဖော်ခံရတာ
ဒီရင်ဘတ်ထဲ
အောင့် သက်သက် ပဲလေ

ပျက် ရယ်  များပြုလေ  သလား
အသံမထွက်တဲ့ 
အေးစက်စက်   သူ့ အပြုံး
တစ်ကယ် ကိုပဲ
ကျရှုံးခဲ့တာ
ဒီ  အပြုံးအောက်ပေါ့

ခမ်းခမ်း  နားနား
မဟုတ်ပေမယ့်
ညဥ့်  မနက်သေးတဲ့ 
ညည .... တွေတိုင်း မှာ
ဒီ အပြုံးတွေ   မနွမ်းသေး  သမျှ
တခါ  တရံ  လေးမှာ
ချစ်တယ်လို့   တစ်ဖွဖွ
ပြောသံလေးတော့
ကြားနေချင်တယ်

စွဲမက်စွာနဲ့  ကြိတ့်ရူး
အချစ် ဆုံး မဟုတ်ပေမယ့်
အားလုံးထက်  ချစ်ခဲ့မိသူ
တစ်ယောက်ထဲ    ပါ..................



အားလုံးထဲက)))))))))))))))ညအက္ခရာ
 


0 comments:

Post a Comment