မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 13 March 2013

အတွေး တွေထဲက


လူ တကာ  အမြင်မှာ
အပူ  ရှာ  မရလောက်အောင်
ပျော်ရွှင်  နေတယ်လို့ 
ယူဆ  ရအောင်
အပူပင်  မဲ့  နေခဲ့တယ်

အပြုံးတွေ  ကြားထဲက
ငို  နေတဲ့    ရှိုက်သံ
ဘယ်သူ   ကြားမလဲ

ကောက်ယူမရ လောက်အောင်
ကျနေတဲ့   အားအင်း  တချို့ 
လူသူ  တိတ်ဆိတ်
ညဥ့်နက်  သန်းခေါင်မှာ
တစ္ဆေ တစ်ကောင်  လိုပဲ
ညည်းငြူးသံ   တိုးတိုး  နဲ့ 
မျက်ရည်  မိုး  စွေ ခဲ့သူပါ


ရောက်နေတဲ့   ဘ၀  ကြီးကို
ဒူးထောက်လို့ 
အနူးညွတ့်    တောင်းပန်ချင်တာက
သောက တွေ နဲ့ 
ထပ်ပြီး  မနှိပ့် စက်ပါနဲ့  
ဟော့ဒီ   ရင်ဘတ်ကြီးက
မောလှပါပြီး

ပေါ့ပါး ခြင်းတွေ  နဲ့ 
ခြေလှမ်း   သွက်သွက်
လျှောက်ချင်သူ အတွက်
နေရိပ့်    လေးများ  ပေး လှည့်ပါ






1 comments:

မိုးနတ်ကြယ်စင် said...

ရောက်နေတဲ့  ဘ၀ ကြီးကို
ဒူးထောက်လို့ 
အနူးညွတ့်  တောင်းပန်ချင်တာက
သောက တွေ နဲ့ 
ထပ်ပြီး မနှိပ့် စက်ပါနဲ့ 
ဟော့ဒီ ရင်ဘတ်ကြီးက
မောလှပါပြီ....

ဟုတ်ပါ့ မီးရေ...:)))

Post a Comment