မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Sunday 31 March 2013

ခရီးကြမ်း



ကိုယ်တိုင် အသုံးမကျတော့
ကံ  ကိုပုံချပြီး
လက်ငြိုး  ထိုးလို့ ရမလား
စိတ်အလို  လိုက်မိတယ်
အိပ်လို့ မရ တဲ့  
ည    ၀င်္ဏဘာထဲ
ဘယ်သူ  မှ မဆွဲခေါ်ပဲ
ငါ............
တိုး  ၀င်မိခဲ့တယ်

ဘ၀  ခေါက်ရိုးကျိုးထဲ
ကျကျနန  နေခဲ့ပြီး
ငါ့  ကိုယ်  ငါ
မကျေနပ် ဘူးလို့ 
ငါ ဘာကြောင့် အော်ဟစ့်
နေချင်ခဲ့တာလဲ

လျှောက်စမ်း  လောက
လမ်း   ကြမ်းကြမ်းထဲ
မောပမ်း နေမလား  မေးသူမယ့်
လဲနေလို့    ထူမ ပေးသူမရှိ
ငါ..........အတ္တ  ​တွေ 
ရွက်လွှင့်    လို့   လေ နှင်ရာ
ရွက် ကိုဖွင့်   စိတ် နဲ့  ကိုယ်
မကပ် သမျှ
မျက်ရည် တွေလဲ   ခဏ  ခဏ
ကျနေဆဲ ပေါ့


မမြဲ တဲ့   ကံ
မာန  ကို အံကျိတ်ပြီး
နင်းဖြတ်ခဲ့ဖူးတဲ့  ခရီး  တိုင်းဟာ 
လေဗွေ သရမ်းတွေက
ခပ်ရမ်းရမ်း  တိုင်ခတ် လို့ 
စိတ် အညှာ မလွယ်တတ် သူမို့ 
လေတိုက် တိုင်း
ကြွေတတ်တဲ့   သစ်ရွက်  လိုပဲ
ငါ့  ကိုယ်  ငါ
ဘယ်သော အခါမှ
အချိန်မတန်သေးတဲ့ 
ရွက်ဝါကြွေ   မဖြစ်စေရ

                                     အားလုံးထဲက))))))))))))ညအက္ခရာ


0 comments:

Post a Comment