မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Tuesday 26 March 2013

တည်မြဲနေမယ့် သံယောဇဉ်


နူးညံ့ခြင်း  ပြည့်နှက် နေတဲ့ 
ချစ်သူ  အကြင်နာ
ယုယ မှု့ ကို တွယ်တာ  မိလို့ 
ဆွဲထားမိတဲ့ 
တွဲလက်လေးတွေ
မြဲ  ပါရစေ   ကိုကို


ကျမ  ပြုံးရင်  ပျော်နေတတ်ပြီး
ဝမ်းနည်း တဲ့  အခါ
နေစရာ  မရှိအောင်
ချော့မြူ  ပေးတဲ့  
ကိုကို  မေတ္တာ 
ကျမ  အတွက်
ထာဝရ   နားခိုရာ
ကမ္ဘာငယ် တစ်ခုပေါ့


ရိုးရှင်း စွာ ချစ်မိတဲ့ နောက်
ပွင့်လင်း မှု့ တွေနဲ့ 
ကွယ်ဝှက့် စရာ မရှိလေအောင်
ကျမ တို့  အချစ်တွေ
ခိုင်မြဲ သထက် မြဲမြံ  လာခဲ့တယ်
ချစ်တတ်လာတော့လဲ
ချစ်သူ အတွက်
အချစ်မှန်သမျှ
သပ်သပ်ရပ်ရပ်  နဲ့   ချစ်မိလာခဲ့တာ
ကိုကို  တစ်ယောက်စာ  ထဲပေါ့

ချစ်မိ လာ  တော့လဲ
ချုပ်ချယ်တာ မဟုတ်တဲ့ 
စိတ်ပူပန် မျိုး နဲ့ 
ဟိုဒီ  မသွားနဲ့ 
ဒီလိုလေး  နေ ,  ထိုင်
ရေ  မြေ  ခြားထဲ
အဆင်ပြေလား   ဆိုတဲ့ 
မေးခွန်းများ နဲ့ 
ဒီနေ့ လဲ
မေးနေကျ   စာလုံးပေါင်း
မေးခွန်းများ နဲ့ 
အရင်  ရက် က အတိုင်းပဲ
ကိုကို  နေကောင်းလား
ကျမ မေးခွန်းထုတ်ရအုံးမယ်


အချစ် ဆိုတာ  ချို  တစ်ခါ  ခါး တစ်လှည့်
ကလေး  ဆိုးတစ်ယောက်လို
ချစ်သူ  နှစ်ဦး ကြား
သဝေ  ထိုးနေတာ
မငြီးမငြူ 
အချစ်ဆိုးသမျှ  ဒဏ်  ခံယူရင်
ကိုကို  နဲ့   ကျမ ကိုယ်ဆီ
ပြည်ခြား နယ်လေးထဲ
သန့် ရှင်း သပ်ရပ် တဲ့ 
အသိ တရား လေးတွေ ထွေးပိုက်ရင်
မျှော်လင့် ထားတဲ့  ဘ၀ အိမ်လေးထဲ
တစ်နေ့    ဆိုတဲ့  နေ့ လေးထဲ
တူတူ  နေထိုင်ကြမယ်
ကိုကို  ရယ်......နော်




 အားလုံးထဲက  )))))))))))))))))))ညအက္ခရာ
 












0 comments:

Post a Comment