မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 27 March 2013

စိတ်ကူး ချိုချို


ခပ် ဝေးဝေး  မှာ
ဆွေး  နေမလား
လာကွယ်   ငါ့   အနား
ချစ်သူ  တစ်ယောက်ထဲ
ဝင်ရောက်လာဖို့ 
ငါ့  အသဲ တံခါး   ဆွဲဖွင့် ထားမယ်


ကဝေ  တွေ  ကခုန်နေကြတယ်
လာစမ်းကွယ်  ချစ်သူ
တူတူ ပျော်မြူးရအောင်
ကျိန်စာတွေ  ဘေးဖယ်ထားမယ်
အချိန်ခါ မဲ့  ဒီအလွမ်းတွေ
မိုးမလင်း ခင် ကုန်ခမ်း သွားချင်လို့ 

အချိန်ဆိုတာ 
လူကို မစောင့်ဘူးတဲ့ 
နာရီ ဟာ  
တို့ နှစ်ယောက် အတွက် ရန်သူပဲ
ကြံကြံဖန်ဖန် 
စက္ကန့်  နဲ့   ရန်တိုက်ပေးနေတဲ့ 
မိနစ့် တွေဟာ
တို့ နှစ်ယောက် အပေါ်
မနာလို ဖြစ်ခဲ့ ကြနေသလား

ပြဿဒါး   ခံ နေတဲ့ 
ဒီ  လွမ်း အနာ တွေကို
ရက်  ရာဇာ  နဲ့ 
တော်လှန်ဖို့ 
လေထု ထဲက
ငါ့  ရဲ့ အနမ်းဖွဖွ 
ချစ်သူ လွမ်းနာကျ
သက်သာအောင်
ချစ်သူရယ်  နင့်  ရဲ့  ပါးလေး
ဒီဖက်  နား  ခဏ  လောက်
တိုးပေးစမ်းပါ

                                        အားလုံးးထဲက))))))))))))))))ညအက္ခရာ










1 comments:

Unknown said...

မမရေ အရမ်းကို လန်းတဲ့စကားလုံးလေးတွေနဲ့ ရေးဖွဲ့ထားတယ်နော် မိုက်လယ်ဗျာ..။

Post a Comment