မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Friday 19 April 2013

အချစ် များ ဖြင့် 



သူ့ မျက်နှာ ကို ငေးရင်
ကျမ  အတွေး  တွေ 
နယ်ချဲ့  နေခဲ့တယ်
ဘာကြောင့်    .......ကျမ 
သူ့   အပေါ်  သိပ့်ချစ်နေမိတာလဲ

မြတ်နိုး ခြင်းတွေ
ပြည့်သိပ့်လို့ ရယ်
တွယ်တာ မိတာ  အပြစ့် ရှိနေမလား
 မဆိုင်တဲ့   နယ်မြေထဲက
ဘယ်လိုမှ  မထင် ထားတဲ့
သူ့ အချစ်  ကျမ  ပိုင်ဆိုင်ခဲ့တာ
ပီတိ  နဲ့   အပျော်  ကြား
ကျမ   ဗျာများ ခဲ့တယ်

သိပ့်ချစ်မိလို့ ထင်တယ်
သ၀န်တွေ  လဲ 
ခဏ...........ခဏ  တိုမိတယ်
သူများ  ငြိုငြင်းနေမလား
အပို  တွေ  မထားတတ် တဲ့
ကျမ  အကျင့်   နဲ့ 
မျက်ရည်တွေ လဲ
မကြာ ခဏ  ကျမိလေရဲ့ 

သူ..........ပြောရာနေ
သူ...........စေရာ သွား
သူ့ .............အပါး နေချင်ခဲ့တယ်
အိမ်မက်တွေ  လဲ  တူတူ  မက်ဖို့ 
သူ့   လက်မောင်းလေးပေါ်
ခိုတွဲ အိပ်စက် ချင်ခဲ့တယ်

သူ့ ........အပါး ခစား
သူ့ ..........၀တ္တရားလဲ   ကျမ  ဖြည့်ပေးချင်ရဲ့ 
ကျမ  အသိနဲ့  
ကျမ  အတွေး   ထဲ 
သူပဲ စိုးမိုး ထားတယ်
နေရာ တကာ
သူ့   အကြောင်းတွေးရင်
သူ  ဆိုမှ သူ့ ကို
ကျမ   ရင်ထဲ   နင့်   သထက်  နင့်  နေအောင်
ချစ်နေ မိခဲ့တယ်
ကျမ   ချစ်တဲ့   ချစ်သူရယ်


ညအက္ခရာ,,,,,,,,,,,,,,,,,,,,,,,

0 comments:

Post a Comment