မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Monday 29 April 2013

အတွေးလေးများ နဲ့  အမေ့ ထံသို့ ...........


ကိုယ်တိုင် က  ဆာလောင်  နေသလို
အိမ်မှာ  ကျန်ခဲ့တဲ့ 
မိအို  ဖအို  လဲ
ဆာလောင် တတ်တယ်ဆိုတာ
မမေ့နဲ့ 

အရိပ့်ကောင်းမှာ
ကိုယ် က   အိပ်နေစဉ်
အမိုး အကာ မလုံ  တဲ့ 
အိမ်အိုစုတ် မှာ
အမေ  အိပ် နေတယ်ဆိုတာ  မမေ့ နဲ့ 

တစ်ဝမ်း စာ  နဲ့ 
တစ်နပ့် စာ ပဲ
လှအောင်နေတတ်ရင်
တစ်နေ့   ဒုက္ခ တွေ မှ
နောင်တ  မရ နဲ့ 

ဘ၀  ဆိုတဲ့   ပင်လယ်ပြင် မှာ
မုန်းတိုင်း တွေ ကြား
အမေ့လှေ
အဖေ လှေ စီးပြီး
ကမ်း ကိုရောက်မှာ နောက်မလှည့်ကြည့်တဲ့ 
သား သမီး  အတွက့်
ဝဋ့်    ဆိုတဲ့  ကြမ္မာဆိုး က
စောင့်နေတတ်  တယ်


ကိုယ်ရှာ တဲ့ ငွေ  အမေ  ကိုပေးလို့ 
အမေ  ချန်ထားပေးမှ  ကိုယ့်ပိုင်ငွေ
ကိုယ် စားမယ့်   ထမင်း
အမေ့  ကို  ခူးခပ်ကျွေးလို့ 
အမေ  စားဝလို့ 
ဖယ်ချန်  ထား ပေးမှ
ကိုယ်စား မယ့်  ထမင်း ဖြစ်တတ်ပါစေ



ညအက္ခရာ(((((((((((((((((((((((((((((






1 comments:

sss said...

တကယ်ကောင်းပါတယ်ဗျာ တကယ်လေးစားပါတယ် အစ်မရယ် လူတိုင်းမိဘမေတ္တာကိုမမေ့သင့်ပါဘူး။
ဒီလိုစာတွေများများတင်ပေးစေချင်ပါတယ်။
ဒီလိုစာတွေများများဖတ်ရင် မိဘမေတ္တာကို မမေ့တော့ဘူးပေါ့။

Post a Comment