မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Sunday 21 April 2013

အက့်ဆေး မဆန်တဲ့ ကျမ ကဗျာ






စက္ကန့်တွေ တဖျပ်ဖျပ်
ဘာသိဘာသာ ပုစ္ဆာတွေ 

အဖြေမရှာတတ်သူ ရှုပ်ထွေးခြင်းများ နဲ့    
အလုပ် များနေ တဲ့    ငါ...

ကဗျာ  မဆန်တဲ့   ညမှာ
ကာရန်မပါတဲ့ 
ကဗျာ တွေ  ချရေး နေတဲ့
ကဗျာ ဆရာမ  တစ်ယောက်
မဟုတ်ခဲ့တဲ့ ငါ....

ညည  တွေ ဘယ်လောက် 
မှောင်မဲ  နေခဲ့ သလဲ
အိပ်ရေးပျက်ခဲ့တဲ့ 
ညည တွေကိုလဲ
ငါ  ရေ ..  မတွက်ခဲ့ရဘူး

အတိတ် ဆိုတာ
လေလွင့်   သစ်ရွက်  လိုပဲလား  
အနာဂတ် ကြီး က  ဘာ  အရောင်လဲ....?
လရောင် ပျောက်နေတဲ့
ကလေး ငယ်လိုပဲ
ရွှေလင်ဗန်း  ကရော ဘယ်ကရမလဲ

ကြာညို မရှိတဲ့  ကန်ရေ မှာ
ခွာညို  များ  ရှိနေမလား
အတွေး များတဲ့ လောကကြီးထဲမှာ
တကယ်တော့  ငါ..ဟာ
ကလေးငယ် တစ်ယောက်ပါ  လား

အနာတွေ  နဲ့ 
ငါ့ သမိုင်း ကို  ဘယ်သူတွေ
အဝေး က လှမ်း သနားနေကြသလဲ
ဘ၀  ရထား  ကျပ်ကျပ်ထဲ
ငါ တိုးဝှေ့ စီးနင်း လိုက်ပါရင် 
 ဒုက္ခ များ နဲ့   ငါ
ဘယ်နား ရောက်နေသလဲ  
သတိမထား  လိုက်မိဘူး

စိတ်ကုး တွေ  ခြေရာချရင်
အိပ်ငိုက်လို့ ငိုက်စိုက်ကျတဲ့ 
ခေါင်ကိုအမော့
မနေ့   က အတိုင်းပဲ
လောကကြီးက
အထာကိုင် လို့  နေတုန်းပါပဲလား



ညအက္ခရာ((((((((((((((
 



0 comments:

Post a Comment