မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 24 April 2013

လရောင်မဲ့  အမှောင်ည


ကြေကွဲသူ မှတ်တမ်း ထဲမှာ
အမည် တစ်ခု
အမှတ်မထင်   ငါတွေ့ လိုက်တယ်
ဘာတဲ့ ...........
အသဲကွဲ  သူရဲ့  ကျရှုံးခန်း  တဲ့ လား

သွားစမ်း............
လာ  မလွမ်း  နဲ့ 
အနားပေးထား  တဲ့ 
အသဲ  တစ်ခြမ်းတောင် 
ခံစားချက်တွေ နဲ့ 
အသမာ  တက်နေပြီ

မြူနှင်းထဲက
ပန်းချီ  အလွမ်းမျိုး လို
အချစ်ကို  လာမကိုးကွယ်  နဲ့ 
ရိုးရာ  ဆိုတာ  ငါ  မကိုးကွယ်ထားဘူး


ငါ့ ရင်ဘတ်ထဲက    မင်းသား
ငါ့   ဘ၀ ထဲမှာ  နင်   မပါခဲ့ 
ဟိုတစ်နေ့  က  ငါ  ဖတ်ခဲ့တဲ့ 
နောက်ဆုံး  စာအုပ်ထဲမှာပေါ့

 အမှောင် ဆိုတာ
အလင်းကြောက်သူတွေ  ရဲ့ 
အဖော်မွန်ပဲ
အော်ငို ချင်လောက်အောင်
ကြေကွဲပေမယ့်
အသံမထွက်ပဲ  ရှိုက့်ငို
လရောင်  ရယ်  
ကျေးဇူ့ ပြု ပြီး
ငါ့   ဆီမလာပါနဲ့   ............

 

 

ညအက္ခရာ((((((((((((((((((((((


 

0 comments:

Post a Comment