မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 10 April 2013

အဆိုးလေး



ညစ်ကျယ်ကျယ်  နဲ့ 
ဂျစ့်တူးတူး   အကျင့်ဆိုး တွေ ကိုပိုင်တဲ့ 
ငါ........ဟာ  မိသားစုတွေထဲက
ဂျလေဘီပေါ့

ထင်ရာစိုင်းပြီး 
ခေါင်မာ  တတ်တဲ့  သူမို့ 
လူတိုင်းက အော့ကျော့လန်
လက်လန်အောင်  ဆိုးပေ
လိုချင်တာမရခဲ့ရင်
စိတ်ကောက်မပြေတဲ့
ငါ့   ကို  သူတို့ လေးတွေက
သိပ်ချစ်ကြသတဲ့

ဒါဆို...........ချစ်သူ
နင် ကရော ဘာလို့  
ငါ့  အပေါ် အချစ်ပိုခဲ့တာလဲ
မျက်နှာ သာ မပေး
မလိုမကျရင်  စိတ်ကောက်တတ်တဲ့  ငါ့ ကို
နင်   သိပ်ချစ်ခဲ့ တာ
အံ့သြ မိလေစွ

တစ်ကယ်ဆို
ငါ .ဟာ လူဆိုးမလေး  တစ်ယောက်ပါ

ဆိုးပေ  တဲ့  အကျင့်တွေ  ကြားက
နင်  ဆိုတဲ့   ချစ်သူကို
မက်မော တွယ်တာမိတာ
အဆိုးလေး   ငပေတူး  အသဲမှာ လဲ
ချစ်တတ်ပါတယ် ......ဟယ်
တစ်ကယ်ဆို   သိပ့်ချစ်တတ်တဲ့   ငါ
အချစ်တွေ နဲ့   နင့်   တစ်ယောက်ကိုပဲ
ဆိုးပေပေ  နဲ့     တွယ်ရစ်နေအုံးမယ်နော်.......

0 comments:

Post a Comment