မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 10 October 2012

အလွမ်း နဲ့  ဈာပန




အတ္တ့   ကို ခေါင်းအုံး  လုပ်
စိတ္တဇ  တွေ  ချိတ်ဆွဲထားတဲ့
ငါ့  အခန်းထဲ တိတ့်ဆိတ်နေတာ

လရောင် မတိုးတဲ့ ညမှောင်ထဲ
ငါ တယောက်ထဲ
ငိုနေခဲ့တယ်.......

တစ္ဆေတစ်ကောင်လို   ငြီးငြူသံနဲ့ 
ရင်တွေ  ဗလောင်ဆူအောင်
နင် ပြုစားရက်တယ်

ချစ်သူရေ  နင် နဲ့  ငါ 
 ရဲ့ 
တွေ့ ဆုံမှု ကို ပြီးခဲ့တဲ့
တနေ့ က  ဈာပန  ချလိုက်ပြီး
ကံမကုန်ရင် ပြန်ဆုံဖို့ 
တောင်းဆု  မပြုသလို

အကြောင်းမဖက်လို့   မပေါင်းခဲ့ရတဲ့
နင်  ကို  ငါ   မှန်းစလို့  မတမ်းတ တော့ဘူး
လမ်းခွဲ လို့   ငါ့  အသဲ  အက်ကွဲပါစေ
နင်  ဆိုတဲ့  နင်
 ငါ့  ရင်ထဲ  ရှိမနေစေရဘူး

3 comments:

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံသွားပါတယ်

မြတ်နိုးသူ said...

အကြောင်းမဖက်လို့  မပေါင်းခဲ့ရတဲ့
နင် ကို ငါ မှန်းစလို့  မတမ်းတ တော့ဘူး
လမ်းခွဲ လို့  ငါ့ အသဲ အက်ကွဲပါစေ
နင် ဆိုတဲ့ နင်
ငါ့ ရင်ထဲ ရှိမနေစေရဘူး
ကဗျာလေးခံစားသွားပါတယ်

Yoemyaykya said...

အကြောင်းမဖက်လို့ မပေါင်းခဲ့ရရင် တကယ်မလွမ်းတာပဲကောင်းပါတယ်။နာကျင်ရတယ်။

Post a Comment