မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 31 October 2012

အလွမ်း...........ကိုယ်ဆီ




ချစ်သူ  ဒီနေ့ လဲ  လွမ်းမယ်
နောက်နေ့  လဲ  သတိရတယ်
ရင်ခုန်ခြင်းတွေ နဲ့ ပဲ  ကျေနပ်လို့ 
စက္ကန့် တွေကို ကျော်ဖြတ်ခဲ့တာ
နာရီ  နဲ့ နေ့ ရက်တွေက 
တနေ့ တခြားနီးရဖို့ အတွက် 
ထင်ထင်ရှားရှား  မြင်နေရပြီးးးးးးးးးးးးး

ခပ်ဝေးဝေး က  အနာဂတ်လေး
တို့ နှစ်ယောက်  ကိုလက်ပြကြိုဆိုနေတာ
ချစ်သူတွေ့ နေမလား

ပီတိကို စား 
ကြည်နူးမှုတွေ   သောက်သုံး
ပျော်စရာ နေ့ သစ်ရဲ့   ကမ်းလင့်ခြင်းကို
တို့ နှစ်ယောက် လျှောက်လှမ်းကြမယ်   ချစ်သူ 

အချစ်  ဆိုတာထက်
နားလည်ပေးဆပ်မှု့ တွေ  တနင့်တပိုး
ဆထက်တိုးလို့  မရိုးသော
ဖေးမ မှုလေးတွေနဲ့   ကြုံလာမယ့်
သောက  တွေကိုယ်ရှားကြမယ်  ချစ်သူရယ်

မရောက်သေးတဲ့   နေ့ သစ်လေးကို
မျှော်ငေးရင်  အတွေးကို  အလွမ်းလုပ်
လေထုထဲ  က  ချစ်သူပေးလာမယ် 
အနမ်းတွေနဲ့ 
နေတတ်ခဲ့တယ် ချစ်သူ............

စ်ယောက်မျက်နှာ  တစ်ယောက်ကြည့်

မချိ မကဲ  အလွမ်းတွေနဲ့  
မနေ့ ကလိုပဲ   ဒီနေ့   ငါ  လွမ်းနေရဦးမယ်
ချစ်သူ................ရ

1 comments:

မဒမ်ကိုး said...

အလွမ်းတွေဝေးပြီး ချစ်သူနှစ်ဦး မြန်မြန် ပေါင်းဖက်နိုင်ကြပါစေ..

Post a Comment