မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Sunday 21 October 2012

မျှတ စိတ်



  လူသား ဘ၀ တူညီပေမယ့်
   စာနာသနား မညုာတာကြတာ

   ဘာကြောင့်လဲ  ...???
   ထမင်း    စားနေတဲ့ 
    ကျမ   အတွေးတချက် အ၀င် မျက်ရည်လည်အောင်
   စဉ်စား မိတာက   သူတို့ လေးတွေရော
    ဆာနေမလား
   အမိ အဖ  ရှိပါရက်နဲ့   ခွက်ဆွဲ တောင်းစား
    လမ်းဘေးနေ  ကလေး များ 
    ဆာ  နေမလား
    ပေးသူကမ်းသူ   သဒ္ဒါဖြူမှ   ၀မ်းစာ လှမယ့်
     မိအို  ဖအို တို့ ရော ထမင်းဆိုတာကို
     မျှော်နေကြမလား
     ရှေ့ တွင် ရှိနေ ဒီထမင်းလေးကို  လက်အုပ်လေးချီ
      အ လှုပေးသူအပေါင်း   ကျမ်းမာစေကြောင်း   
      ဆုမွန် တောင်းခြွေ 
      မိဘ မယ့် ကလေး    နဲ့    ဆရာလေးများ ရဲ့

      ဆုတောင်းသံလေးတွေက  ရင်ထဲ မချိဝမ်းနည်းမိတယ်
      လူ့  ဘ၀  ခဏ ဖြစ်လာ       ဆင်းရဲ  လို့ လဲ  ပူမဆွေးနဲ့ 
      ပြေလည် စဉ်ခဏ  မော်မကြွားနဲ့ 

      ရှိတာပေးလှု  ညီတူ ညီမျှ  စားကြပါလို့ 
      စိတ်ထဲ အမြဲ  ထားကြပေးပါ
      ကိုယ်စားသလိုပဲ  သူတို့ လေးတွေ စားကြပါစေ
      မျက်ရည်ဝဲ လျှက်
        ဒီ ဟင်းခွက်နဲ့  စားနေတဲ့  ထမင်းက
       သူတို့ လေး တွေ အတွက်  ဖြစ်စေချင်တာ  ရင်ထဲကပါ

1 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက ရင်ထဲကိုထိခိုက်စေပါတယ် ။သူတို့လေးတွေဘ၀က တကယ်ကို
သနားစရာကောင်းပါတယ်

Post a Comment