မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Thursday 11 October 2012

ဈေးသည် အေးကြွယ်



တ၀မ်းတခါးတွက်  ဈေးဘန်းခေါင်းရွက်
ရပ်တကါလှည့်
နင် ရောင်ခဲ့တာ မုန့်ကျွဲသဲပါ

တစ်ရွာ မပြောင်း  သူကောင်မဖြစ်
နင်ပြောင်းခဲ့တာ
ဈေးရောင်ထက်  သာ  အိမ်ဖေါ် ဘ၀ပါ
နဖူးကချွေး  ချေမအကျ
ဇီးရွက်ပမာ  နင့် မျက်နှာပါ

ရွေကိုတွဲလဲ  ငွေထုပ်ဆွဲ
အိမ်အပြန် နင် ဘ၀မှန်ကို
မေ့ကာနေလား

ဟော့..ဟိုအသည်  လာပါဦးကွယ်
နင့်ရှေ့  အရောက်
စားချင်စဖွယ် ဒီမုန့်လေးက  ဘာမုန့် လဲတဲ့

အရင်တခါ  ရပ်တကါလှည့်
....(ဟော့ ဒီက မုန့် ကျွဲသဲနော်)
 လို့   အော်ပြီးရောင်း ခဲ့တဲ့ 
မုန့် လေးပေါ့ကွယ်

ဘ၀ မေ့မယ်ကျံရင်
အတိတ့်ကို  ခဏ ပြန်လှန်ကြည့်
ဆင်းရဲတာ မမေ့သင့်တာ
နင် တွေးကြည့်ပါ  အေးကြွယ်လေးရာ.............။

0 comments:

Post a Comment