မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Sunday 28 October 2012

ဖမ်းဆုပ်မရတဲ့ အနာဂတ့်များ

 ပြက္ခဒိန်  ရက်စွဲ
အသိကျမရှိတဲ့   နေ့ တွေ နဲ့ 
သတ်ပုံ မှား   စာမျက်နှာ တွေ

စုတ်ပြတ်လှတဲ့   အတွေးခေါ်
နွားခြေရာခွက် ကို  ကမ္ဘာထင်
မျက်မမြင် နင့်အတွက်
 မှုန်ဝါးဝါး  လမ်းပျောက်နေတာ
ရင်လေး ပါဘိ့ ညီငယ်...

ဘ၀  ဆိုတာ  ရ ခဲတယ်လို့ 
ရှေးလူကြီးတွေ  ရဲ့  ဆို စကား
နင့်   အတွက် ဟာသ ဖြစ်နေမလား
အခြေမြစ်မရှိ တဲ့   လုပ်ရပ်တွေ နဲ့ 
ခဏ တာရခဲ့တဲ့   အိမ်မက်ဆန်ဆန်
နေ့ လေးတွေ ကို  တန်ဖိုးရှိရှိ နေကြည့်ပါ


တစ်ကျပ်ရလို့    နှစ်ကျပ်ဖိုး  ပျော်တတ်တာ
နင့် ရဲ့ အနာဂတ် လှပဖို့   ဆိုတာ  ရှိနေဦးမလား
ကောက်ရိုးပုံကို  ဖဲမွေ့ ယာထင်
ဆန်ကြမ်းကို  နတ်သုတ့်ဒ္ဒါ လို့  မြင်
ပိန်းရွက်နဲ့   ရေခံသောက်နေရတာ နင် ကျေနပ်နေသလား
ညီငယ် လေးရယ်

ဒီအမေ ကမွေး  သုံးယောက်ထဲက
မောင်နှမ  တို့ တတွေ စိတ့်တဘောထား
မတူညီ ကြတာ  အံ့သြ မနေ တော့ဘူး
ငါးချောင်းသော  လက်ချောင်းတွေတောင်မညီညာတာ
နင့်   နဲ့  ငါ ရဲ့ အတွေးခေါ်တွေ
မတူကြတာ  ထူးဆန်း  မနေဘူးနော်

ဒီလမ်း   မှာ ပျော်
ဒီနေရာမှာ နေတတ်လို့ 
ကျေနပ်နေတဲ့  နင့်   အတွက်
အမြဲရင်လေး  ဘ၀င် မအေးခဲ့ရတာ
နင်သိလေမလား

လက်ရှိ ဘ၀ ထက် ရိုးရိုးကျင့် ပြီး
မြင့်မြင့်လေးရောက်အောင်
ကြိုးစား လို့   လူနေမှု့ 
မြှင့်စေချင်တယ်
ညီငယ်လေးးးးးးးးးးးးးးးးးးးးးးးးးရေး

0 comments:

Post a Comment