မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Thursday 20 June 2013

တစ်ပင် ထဲသော မာန


အရွက်ရယ် စိမ်း
ပွင့် ဖတ်အရိုး ခိုင်
မာကြောပါလို့ 
ဘယ်သူ့ အားမကိုး
ရေးစီး  တစ်ခါ  
ရေ သာ  တစ်လှည့်
ဗေဒါ  ရေမျော
ဆယ်ယူသူ ကင်းမဲ့ 
တန်းဖိုးနည်း လှတဲ့ 
ဗေဒါ  လေးရယ်

ရေစုန် ရေဆန် 
သူ  လေ မျော  ပါလို့ 
ဗေဒါ ပန်း  ကလေး
ဘ၀ရယ်က  အဖော်မဲ့ တယ်
အား  မငယ်လှတာ
သူ့  မာန ပေါ့ 


ညအက္ခရာ

0 comments:

Post a Comment