မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 19 June 2013

ချစ်သူ နဲ့  ကျမ


ပျော်သူထက်  
မျှော်နေသူပါ  ကွယ်
အကြင်နာ ရင်ခွင်
ခပ် ဝေးဝေးမို့ 
တွေးပူ မိတာ
အပြစ်ရှိနေမလား

အချိန် ဆိုတာကို
ဆွဲလှည့်  ချင်ပေမယ့်
ကိုယ်ပိုင်   မဟုတ်လို့ 
ငေးလို့ ပဲ ဆွေးနေရတယ်

တစ်ကယ်ကို  အနီးပါး
ခစား  နေချင်မိတာ
စိတ်ရင်းခံမို့ 
ညစဉ်  နဲ့   ညတိုင်း
ဒီ အလွမ်း က နှိပ်စက်
မကျေနပ်စိတ်ကို  မြို  သိပ်ရင်း
 အိမ်မက် တစ်ခု
အတူတူ  မက် ချင်တယ်

ညတွေ  တိုင်းကို 
အသက်ဝင် စေ ဖို့ 
နှစ်ကိုယ် တူ   ကြိုးစားနေဆဲပါ
အနေ  ဝေးတဲ့   ဝေဒနာ
အတူတူ  ခံစားနေရတာမို့ 
မကျေနပ် စိတ် ကို မြိုသိပ်ရင်း
သံယောဇဉ် ပိုလို့  တိုး
အချစ်  နဲ့  အလွမ်း တွေကြား
နစ့်  နေဆဲပါ.............




1 comments:

ရင်လှိုင်းခတ်သံ said...

ကောင်မလေး အတွက် အချိန်တွေ ဆွဲလှည့်ပေးမယ်..လေ.။ အချိန်တွေ ကို ရင်လှိုင်းလေး ပိုင်တယ်.သိလား....။ :)

Post a Comment