မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Saturday 22 June 2013

ရင်ထဲက မေတ္တာ ။။။။။။။။။။။။။။။။။။။။။



ပျော်နိုင် ခွင့် ဆိုတာ
တမ်းတ ယုံလေးပါ
မရနိုင် သေးတဲ့ 
အနာဂတ် ထဲ
မခေါ်ရဲသေးလို့ 
မေတ္တာ တရား
ခေါင်းပါးတယ် လို့ 
မသတ်မှတ် လိုက်ပါနဲ့ 

ရင်ထဲမှာ ချစ်တတ်တာ ထက်
ထားစရာ မရှိလောက်အောင်
ချစ်ခဲ့တာ
ငိုနေတဲ့ 
မျက်အိမ် လေးနဲ့ 
အတွေး ခပ် နင့်နင့်  ကို
ပင့်သက်ရှိုက်ယူဖို့  ခက်တဲ့ 
ရင်ဘတ် ကြီး
အသိဆုံးပဲ ကွယ်

မေတ္တာ ငတ်ဖူး သူမို့ 
အကြင်နာတွေ ပေးဖို့ 
မမေ့ ခဲ့ပါဘူး
မဖြစ်သေးတဲ့  အချိန်ပေမို့ 
ခပ်ဝေးဝေး က လွမ်းနေတယ်ကွယ်

ရင်ခွင် ထဲ ဖက် ထားချင်ပေမယ့်
မပြည့်စုံသေးလို့ 
နားလည်ပေးစေချင်ပါရဲ့ 



ညအက္ခရာ

1 comments:

ရင်လှိုင်းခတ်သံ said...

တမ်းတ ခွင့်ရှိနေပြီပဲ..။ ဘာလို အုံးမှာလဲ..။ အနာဂတ်ရဲ့ ဘဝလေး မှာ ရင်ထဲက မေတ္တာတွေ နဲ့ ပျော်ရွှင် ပါစေ နော်..။

Post a Comment