skip to main |
skip to sidebar
အလွမ်း ကို အလွမ်း နဲ့  စားရင်
အလွမ်းပဲ ကြွင်း နေတာ
ဒီအလွမ်း နဲ့  မပတ်သက်ချင်တော့ဘူး
သံယောဇဉ် ဆိုတာ မမြင်နိုင်ပေမယ့်
အမှောင်ည နဲ့  ကြယ်တွေ အိပ်ချိန် မှာ
ချစ်သူ ရေ ..................
နွေးထွေး တဲ့  နင့် ရင်ခွင် ထဲ ကနေ
တိုးခွေ့  ပြီး နင့် ကို ချစ်တဲ့ အကြောင်း
တိုးတိုးလေး ဖွင့်ပြောပြချင်တာ.............
လွန်ဆန် မရတဲ့  အလွမ်း ည တွေ အတွက်
ပြန်ဆုံမယ့် တစ်နေ့  မျက်နှာချင်ဆိုင် ထိုင်ပြီး
အတိုးချ လို့  စကားတွေ ပြိုင်ပြောကြမယ် ကွာ........
နင့် အလွမ်း ငါ့ တမ်းတခြင်းတွေ ဘယ်သူ နိုင်မလဲ ပေါ့
ခုတော့ လည်း အချစ်နတ်သား ရဲ့ 
ဒဏ်ခတ် ခံ နေရတဲ့  နှစ်ယောက်သား တို့ ဘဝ
အံကျိတ်လို့ ပဲ အလွမ်းခါးခါး ကို ခဏ သောက်သုံးထားလိုက်အုံးမယ် နော်
ညအက္ခရာ.........
တစ်ရွာသား နဲ့  ရည်စား ထား ရတာ
ဖိနပ် မပါ တဲ့  ခြေထောက်
ဆူးစူး မှာ လည်းကြောက်ရ သလို
သူ နဲ့  ဝေးရမှာကို တွေးကြောက်မိတယ်
တစ်ခါတလေ ရီရီမောမော နဲ့ 
တစ်ခါ တရံ စိတ်ကောက်ကြတယ်
နဖူးစာ ရွာလယ် လို့ 
သံယောဇဉ် တံတား ထိုးမိပါတယ်
သူ အလိုကျ လိုက်လျှောမိတာ
ကိုယ့်ကိုကိုယ် တောင် ဘာမှန်း မသိတော့ဘူး
သြော်...........အချစ်ဆိုတာ လည်း ဆန်းကျယ်ပါလားကွယ်.............
လွန်ဆန် မရတဲ့  အမိန့် 
ချစ်သက်တမ်း တိုးလာ တဲ့အမျှ
သူ့  အကြိုက်လိုက် သူ့ တဘောကိုဆောင်
"ဟအင်း" တစ်ခွန်း ငြင်းခွင့် မရှိ
"ဟုတ်ကဲ့" တစ်လုံး နဲ့  တင်...
သူ့ အရိပ် အောက် တပ်သား တစ်ယောက် အဖြစ် နဲ့  ငါ
ရှေ့ ဆက်မယ့် လမ်း တိုင်းကို ဆူး ခလုပ် မရှိစေချင်ဘူး ကွာ
ညအက္ခရာ...
မိုးဥတု ရဲ့ 
အအေးဓာတ့် လေး မပိုမကဲ
အုပ်ဆိုင်း မိုးညို
တောင်းတန်းတွေ ၀ိုင်းရံ နေတဲ့ 
မြစ်သံလွင် ချောင်းနဘေး က
အိမ်လေး ကိုလည်း လွမ်းမိလေရဲ့ 
ခရေပင်အောက် ဖြတ် အလျှောက်မှာ
လေ အတိုက် ကြွေကျလာတဲ့ 
ပန်းတွေ ကောက်ရင်
အမေ့  ဆံကေသာ မှာ အမဲရောင်ကျဲ
ဖြူ မွဲမွဲ နောက်တွဲ ဆံထုံး ထက်
ဒီပန်း တွေ ဝေနေဖို့  အတွက်
အမေ ရေ.ဒီပန်းလေး
ပန်ပေး ပါနော် ပူဆာသံ လည်း
ကြားယောင်သေးတယ်
တံငါးသယ် မဟုတ်
ဝါတနာ နဲ့  အချိန် ကို အသုံးချ ချင်လို့ တဲ့ 
အဖေ ငါးရှာထွက် လို့ 
အဖေ ပြန်လာချိန် ကမ်းနဘေး
အမေ နဲ့  အတူတူ ငေးရင်
ဒီနေ့  အဖေ ငါးတွေ အများကြီး ရမလား အမေ လို့ 
ကလေး တစ်ယောက်ရဲ့  အမေးမြန်ထူ ပုံ ကို မဖြေနိုင် လို့ 
ခဏခဏ ကျလာ တဲ့ 
အမေ့  မျက်စောင်း အိုအို
မရိုးနိုင် တဲ့  ငယ် ဘ၀ လေး တွေးရင်
သွားလေသူ အဖေ ကို အရမ်းသတိရတယ် အမေ..........
ရွာလယ် ကျောင်းတိုက်
တုံမောင်းထုသံ နေ့ ဆွမ်း ကပ်ဖို့ 
ဆွမ်းဗန်း ကိုရွက် ယောဂီ တဘက် နဲ့ 
မနိုင်မနင်း ထမီးကွင်းလေး အပြေးဝတ်
တစ်ဆယ့် ရှစ်နှစ့် ရဲ့  သမီးပျို ဘ၀ ကိုလည်း လွမ်းတယ်
အရွယ် ကလေးတွေ လွန်
ခုဆို အသက် တွေတောင်
နှစ်ဆယ့် ကို လွန်၍ သုံးဆယ် ဆိုတဲ့ 
ရာဇ ထဲ ရောက်ခဲ့ပြီးနော်
ဘ၀ အကြောင်းလေး
ဟိုးတွေး ဒီတွေး နဲ့ 
အမိမြေ ကိုလည်း တမ်းတ မှန်ဆ ကာလွမ်း
သြော်........ငါ့ ဘ၀ ရယ်
အားလုံး နဲ့  ဝေး တစ်ယောက်ထဲ ငေး............တွေး.............ဆွေး ရင်း
အိမ်ပြန်ချိန် ကို တောင် ပြက္ခဒိန် မလှန်ကြည့်မိသေးတာ
အနာဂတ် အတွက် ရုန်းကန် တုန်းမို့  ထင်ပါတယ်။
(.......တခါ က အတူနေခဲ့ရတဲ့  အမိဖ သဖွယ် သံယောဇဉ် တွယ်ကပ်မိတဲ့ နို့ ထိမ်း အမေ နဲ့  အဘ ကို သတိရမိလို့  မိုးအေးအေး မှာ အလွမ်းစိတ် ပိုလို့  စပ်မိစပ်ရာ ရင်ထဲက စာလုံးလေးတွေ ပါ စာသားအချိုးမကျရင် ခွင့်လွှတ်ပေးပါရှင်..........)
ညအက္ခရာ..............
အက္ခရာ တွေ စာစီချ တဲ့ 
ဇူလိုင် လ ရဲ့  မနက်ခင်း မှာ
မိုးဥတု ရဲ့  ငယ်ပေါင်း လေး
မိုးဖွဲတွေ ကျလို့ ပေါ့
အလွမ်း စာသား တွေ ရေမလို့ ပါပဲ
အကြောင်းအရင်း ရှာမရလို့ 
မနက်ခင်း လေပြေနု ကို
စနိုး စနောင့် နဲ့ 
စိတ်ကောက်မိလိုက်တယ် ။
တိတ်ဆိတ် နေတဲ့  မနက် ခင်းထဲ
ကဗျာ ရေးမယ် ကြံတိုင်း
ကျမ အိပ်ယာ ထ နောက်ကျလို့ 
အာရုံဦး နဲ့  လေညှင်းလေး တွေ
အကျန ကောက်ကြတာ
ချော့ လိုက်ရတာ လည်း အမော တကောပဲ ။
ပေါ့ပေါ့ ပါးပါး နဲ့ 
မနက် အိပ်ယာ နိုး လာတိုင်း
ကျမ ပြန်မတွေး မိတဲ့  အကြောင်း အချို့ 
မေ့ပျောက်ရင်း............
ကျမ သောက်နေကျ ကော်ဖီ ခွက်လေး
အရင်း အတိုင်း အမြဲတမ်း အေးစက်စက် ။
ကျမ စိတ်ကူး အိမ်ထဲ
အတွေး တွေ ဖောင်းပွ နေတယ်
မနေ့  ကျမ ဆီက ငှားသွား တဲ့ 
အလွမ်း တွေကို အကြွေးပြန်တောင်းဖို့ 
ဒီနေ့  ကျမ စကား လုံး လှလှ လေး ဖန်ဆင်းရအုံးမယ်
စာသား တွေ အရောင်ချယ် စရာ မလိုပဲ
ကာလာ အဖြူ အမဲ နဲ့ 
ဒီနေ့  ကျမ ရေး တဲ့  ကဗျာ
ဗရုတ်သုတ်ခ နဲ့  အနားမညီ
ကဗျာ မဆန် တဲ့ 
ဘုကျကျ စာသားတွေ
အသက် ၀င် ချင်သေးတယ်။။။။။။။။။
ညအက္ခရာ...........
နင်.............ကြောင့်ပေါ့
ငါ အမုန်းဆုံး ဆေးရုံ တက်ခဲ့ရတယ်
နင့်............ကြောင့်ပဲ
မျက်ရည်တွေ ကျခဲ့ရတာ
နင် အတွက်ပေါ့............
ဆုတောင်းခြင်း တွေ နဲ့ 
အိပ်ယာဝင် တိုင်
တောင်းဆုပြုခဲ့တာ
နင် ....ကျမ်းမာပါစေလို့ 
ငါ...ဆက်သမျှ ဖုန်း တွေ
ပြန်ပြီး ကြားလိုက် ရ တာ..............
လူကြီးမင်း ခေါ်ဆိုသောဖုန်း မှာ
စက်ပိတ်ထားပါသဖြင့်..........အမြဲတမ်းပေါ့
မကြားချင်းတဲ့ .......သတင်း တစ်ခု နဲ့ 
မိဘ တွေ တဘောမကျ လို့ တဲ့ 
နင် ရှောင်ထွက်ခဲ့တယ်..........
ငါ....ဆိုးတာ ၀န်ခံ ခဲ့တယ်
ငါ.....မှားတာ တောင်းပန် ဖူးတယ်
ငါ.....ရူးရူးမူးမူး ချစ်ခဲ့တာ
နင် ဥပက္ခာ ပြုပြစ်ခဲ့တယ်
ဒီအတွက်ကြောင့်............
ငါ............ကျောခိုင်းခဲ့တယ်
ဒီ အတွက် ကြောင့် ...........
ငါ မမှားလောက်တော့ဘူး။။။။။။။။။။။။။။။။။။။
>>>>>>>>>>>ညအက္ခရာ...............
သက်ပျင်း ကို ဖွဖွ ချ
စိတ် အမောရယ် ပြေစမ်းပါ..............လို့ 
ကျမ တိုးတိုးလေး ဆုတောင်းမိတယ်
အိပ်မရလို့  ကဗျာ တွေ
ကောက်ချရေးမိပါတယ်
အလွမ်းတွေ နဲ့  ပဲ
ကျမ အိပ့်ခန်းလေး မွန်းကျပ်နေခဲ့တာ
ချစ်သူ ရယ်...........
ရင်ထဲ အမော တွေ
အရမ်းကြမ်းတယ် ဟာ..........
ချစ်သူ အတွက် ကျမ တွေးပူ ခဲ့ လို့ 
မျက်ရည် စ နဲ့ 
ကျမ အိပ်ရာ ၀င်ဖြစ်တဲ့  ညတွေကို
စာနာ တတ် မယ်ဆိုရင်
ကျမ ကို ခဏ လောက် လှည့်ကြည့်ပေးပါ
မပြယ်သော ချစ်စိတ်တို့  နဲ့ 
ချစ်သူ အတွေး ထဲ ကျမ ဆိုတဲ့ 
ကျမ အမြဲရှိနေပေးပါနော်.........
မြတ်နိုးစွာ ချစ်တတ်ခဲ့ပြီး
အပြစ်တွေ မြင်တိုင်
နားလည် ခြင်း အချစ် နဲ့ 
ဖုံဖိ ပေးခဲ့တာမို့ 
တို့  နှစ်ဦးမေတ္တာ မြဲစေသားနော်............
နာလည်စွာ ပေးခဲ့ကြတဲ့ 
အပြန်အလှန် ဖြူစဉ် ခြင်းကို
သစ္စာ ဆိုပြီး မချစ် ခဲ့ဘူး
ရင် ထဲက အချစ် နဲ့  ကို
ချစ်သူ အပေါ် ချစ် ပြီပြီး မို့ 
သ၀န်တို ခြင်းတွေ
ဘေးသို့  ဖယ်ထား ကွယ်.......
ဆုံစည်း ဖို့ က
တို့  နှစ်ယောက် သား အတွက်
အလို အပ်ဆုံးမို့ 
မနက်ဖြန် အတွက်
မျှော်လင့်ချက် တွေ နဲ့ 
ရှင်သန်နေမယ် ...............
ညအက္ခရာ
ပြီးဆုံး သွားတာ မဟုတ်ဘူး
ဆက်မလျှောက်ဖြစ် တဲ့  လမ်းမို့ 
ဆက် မသွားဖြစ်ခဲ့တာ
မုန်းလို့  လဲ မဟုတ်ခဲ့သလို
မေ့ မလား မမေးနဲ့ 
အလွမ်း လည်း မရှိတော့
သြော်.............နင် နဲ့  ငါ့ အကြား
သတိရမှု့  လေးတောင် မရှိတော့တာ ဘာကြောင့်လဲ...........?
မေး မလာနဲ့  ဖြေစရာ အဖြေ ပေးဖို့ 
နင့် အတွက် စကားကုန်သွားလို့ ပဲ.......။
တမ်းတခြင်း တဲ့ 
မဟုတ်တာပဲ
မှန်းဆ ဖို့ တောင် နင့်  ဖက်
မတွေးမိဘူး
အဆိုး ကြုံလာတော့
အကောင်းဖက်ကို မက်မောမိတာ
ငါ ကိုယ် ငါ အပြစ်မရှိဘူး မထင်ခဲ့ သလို
လက်ရှိ ငါ သမိုင်းကို
ငါ့ အတွေး နဲ့  ငါ့ ခန္ဓာ က ဦးဆောင်နေတယ်...............။
နှစ်ဖက်တီးမှ မြည်တဲ့  လက်ခုပ်လိုပဲ
နင် ကောင်းရင် ငါ မဆိုးပါဘူး
ဥပမာ နှိုင်းရင် မှန်ကြည့်သလိုပဲ
နင် ပြုံး ပြမှတော့
ငါ လည်း မရယ်ပဲ မနေနိုင်ခဲ့ပါဘူး
ကိုယ်ပိုင် အတ္တ မဟုတ် တာသေခြာ တယ်
ဝေဒနာ တွေ ကင်းတဲ့  အရပ်မှာ
ငါ........စိတ် တွေ သန့် စင်အောင်
အညစ်ကြေး ကိုစွန့် လွှတ်ရင်
အရောင်တွေ မ ချယ်တဲ့ 
လောက မြေထဲ
ငါ့ သမိုင်းကို ပျိုးထောင်လို့ ပေါ့
ညအက္ခရာ.................
အချစ် ကို ယုံကြည်မှု
မရှိ တဲ့  လူ တစ်ယောက်က
အသဲကွဲ တာ ရီချင် စရာပဲ
မယုံကြည်ခဲ့ တာ အချစ်တဲ့ 
ဘာဖြစ်လို့ 
အချစ် ရဲ့  စည်းဝိုင်း ထဲ
သတ်ပုတ်ပွဲ လာဆင်နွှဲ တာလဲ
ခိုင်မာ နေတဲ့  သူ့ အသဲ က
အချစ် နဲ့  တွေ့ မှ ၀မ်းနည်းရသတဲ့  လား
သွားစမ်းပါ
နှလုံးသား မပါ ပဲ
အလွမ်း နာကျတဲ့  အကြောင်း
စာဖွဲ့  မပြောနဲ့ 
အသဲ မရှိ တဲ့ 
သူ .က
ကိုင်တံ နဲ့ 
အချစ် ရှိရာ အရပ်မှာ
တံငါး သယ် လာလုပ်သတဲ့
လောက ထဲမှာ
အသက် မ၀င်လှတဲ့ 
အချစ်လောက်
ပေါ့ပျက်ပျက် ရှိလှတာ
ဆားမပါ တဲ့  ဟင်း ချိုတစ်ခွက် လိုပဲ
မနေ့  ည က
ဒီအချိန်..........
ဒီနေ့  ည မှာရော
မှောင် နေမလား
မပြည့် မဆမ်း လခြမ်း ကွေး မှာ
ဘယ်သူတွေ ခိုတွဲ အိပ်စက် နေမလဲ
တိတ်ဆိတ် စွာ နေတတ် တဲ့ 
အမှောင် ထုကို
ဘယ်သူတွေ လေလံတင် ရောင်းချဖို့ 
ကြံရွယ် နေကြသလဲ
အပြယ့် တစ်ပြယ် ည အမှောင် မှာ
အလင်းရောင် က ကျီစယ်နေတာ
အမှောင်ချစ်တဲ့ 
ငါ.............ရင်နာလိုက်တာ
တော်ပြီကွာ
ခံစားချက်တွေ ထည့်လွမ်း
ဒီ ညချမ်း မှာ
နင် မရှိတာ ငါ့ အတွက်
လိုအပ်ချက် တွေ ရှာမရတဲ့ 
ဝေဒနာ တွေ ပိုတိုး လာသလိုပဲ
ကျေးဇူ့ ပြုပြီး
ငါ့.............အနား ပြန်လာပေးပါ
ကလေး ......လေးရာ
ညအက္ခရာ
ကျမ မဟုတ်တဲ့  အခြားသူကို
ရှင် မပြုံးပြ ပါနဲ့ 
အခြား သူ ကို ရှင် ပြုံးပြတိုင်း
ကျမ ဆုံးရှုံး မှာ ကြောက်လွန်း လို့ ပါ......။
ကျမ စိတ် ပုတ်တယ် ပဲ ဆိုဆို
သ၀န်တို စိတ် နဲ့ 
ရှင့်  ကို ကျမ အူတို မိတယ်......။
ချစ်မိတဲ့  သူမို့ 
အရှုံး ကြီး ရှုံး
ရှင့်  .....အပြုံးမြင်တိုင်း
ရန်ခုန် ရသူ
အခြား သူ လက်ထဲ မပေးရက်ဘူး......။

ချိုသာယဉ်ကျေး
အပြောဆို လေးနဲ့ 
သိပ့်မွေ့  လှတဲ့  ညီမငယ်
တစ်ကယ် လှလို့ 
အနေ အေးဆေး နေ မလား
အလှတရား တွေနဲ့ 
မြင်ရာလူကို တွဲ
ဆွဲ ကစား လို့ လှည့် စားနေမလား
မနူးမနပ် စိတ်ကစား တဲ့  အရွယ်
မဟုတ်ပြန်လေတော့
တစ်ကယ်ဆို
ညီမလေးက ကဝေမ တစ်ယောက်လိုပဲ
ပြုစားတတ်တဲ့ 
စုန်းမ တစ်ယောက် လေလားကွယ်
ေယာက်ာၤး.....ေယာက်ာၤး
ထုိ....သူသူ တုိ ့က
အဆိုး လည်း ရှိသလို
အကောင်းလည်း ရှိမယ်
အပျိုဂုဏ်ရည်
အမည် လေးတော့
တန်းဖိုးထားစေချင်တယ်
ညီမလေးရယ်
ရုပ်ကလေး အဆင်း
လှနေသလို
အနေထိုင်လေး လည်း လှစေလိုပါ ၏
အပြော ကလေး ချိုအေး
ညီမလေး အလှလေး ကိုယ်တွင်း
မြဲစေချင်ပါတယ်
ဖွင့်ဟ လှန်ပြ
ပြုသူ မရှက် မြင်သူရှက် ၍
ဤ သို့  ပုံ နှယ်
ပြုဖွယ်မသင့်
ညီမလေး လည်း ရှောင်ရှား စေချင်ပါ၏
မိန်းမ မိန်းမ ဒို့ များဘဝ
ကုန်ကူးလှေမှောက်
ဆိုဖွယ်မရှိလောက်ပေမယ့်
လင် ကုန်ရှုံး က တစ်ဘ၀ စာမို့ 
ညီမလေး ခြေလှမ်း အစ
မမှားရအောင် အလေးထား
တွေးတော စဉ်းစား စေချင်တယ်
ညအက္ခ ရာ
မနက်ခင်း လေး က
မိုးလင်းပြီး လို့ အသိပေး
ပြတင်း တံခါး ကိုဖွင့် ခိုက်
တီတီ တာတာဆူညံ သံတွေပေး
ဌက်ကျေးလေးတွေ
တေးဆို နေကြတာ ပျော်စရာ ပေါ့
ခုန်ပေါက်လို့  ရောက်ချလာတဲ့ 
နေခြည် နုနု က
ငါ့ နဖူးအပေါ်
ဝဲပျံ အကျ
လေပြေအေးအေး တွေ
ငါ့ ပါးမို့ မို့ ပေါ်ဖြတ်အပြေး
ခွင့်မတောင်းပဲ
ဆွတ့် ယူနမ်းသွားလိုက်တာ
ရှက်သွေးတောင် ဖြန်း သွားလေရဲ့ 
ချစ်သူ ရဲ့  Morning ပါ
ကလေးရေ.............
ဒီနေ့ အတွက် ပျော်ရွှင်ပါစေလို့ 
တစ်နေ့  တာ အတွင်း ဆုတောင်းစာလေး အတွေ့ မှာ
ဘာနဲ့  မှမတူနဲ့  ကြည်နူးမှု့ က
ဘယ်အရာ နဲ့  ကို လဲလို့ မရခဲ့တာ
အရာရာ အတွက့်  ကျေးဇူ့ပါ ချစ်သူ
ညအက္ခရာ
သမရိုးကျ စကားလုံး ရဲ့ 
အသုံးနှုန်း ထဲမှာ
ချစ်သူ ကို ကျမ
သိပ်ချစ်တာပဲလို့ 
အမြဲပြောခဲ့ သလို
ချစ်သူ နဲ့  ကျမ
အပြန်လှန် နားလည်မှု့ တွေ နဲ့ 
သိပ်ချစ်ခဲ့ကြတယ်
နီး ရက် နဲ့  ဝေး
ဆို စကားလို ပဲ
မြင်သာ နဲ့  နေရာကပဲ
မြင် နေရခြင်း အတူတူ
အဝေး က ကြင်နာတဲ့ 
စကားလုံး တွေ နဲ့ ပဲ
တစ်ယောက် ကို တစ်ယောက်
ဖေးမ ရင်း....ဆွေး တ သသ ပဲကွယ်
စိတ်ကူးတွေ က ထပ်တူကျ နေပြီး ပဲ
ဘာကြောင့်မှန်း မသိသေးတဲ့  မနက်ဖြန်တွေ ကို
ရက်စွဲ မတပ်ရသေးလို့ 
ကျမ တို့  မနက်ဖြန် အတွက်
ဆုံတွေ့ ရမယ့် သဘက်ခါ ကို
နောက်နေ့  တွေ နဲ့ 
မနက် သစ် တိုင်း မျှော်ငေးရအုံးမယ်
ပြန်ဆုံ တဲ့  တစ်နေ့ 
ဘယ်တော့မှ ထပ် မဝေး ကြေးနော်
ကလေး တစ်ယောက် လိုပါပဲ
ကျမ လေ ချစ်သူ ကို
ထပ်မဝေး ရဲတော့ဘူးကွယ်
ညအက္ခရာ
Wednesday, 31 July 2013
ရင်မဆိုင် ချင်တဲ့  အလွမ်း
အလွမ်း ကို အလွမ်း နဲ့  စားရင်
အလွမ်းပဲ ကြွင်း နေတာ
ဒီအလွမ်း နဲ့  မပတ်သက်ချင်တော့ဘူး
သံယောဇဉ် ဆိုတာ မမြင်နိုင်ပေမယ့်
အမှောင်ည နဲ့  ကြယ်တွေ အိပ်ချိန် မှာ
ချစ်သူ ရေ ..................
နွေးထွေး တဲ့  နင့် ရင်ခွင် ထဲ ကနေ
တိုးခွေ့  ပြီး နင့် ကို ချစ်တဲ့ အကြောင်း
တိုးတိုးလေး ဖွင့်ပြောပြချင်တာ.............
လွန်ဆန် မရတဲ့  အလွမ်း ည တွေ အတွက်
ပြန်ဆုံမယ့် တစ်နေ့  မျက်နှာချင်ဆိုင် ထိုင်ပြီး
အတိုးချ လို့  စကားတွေ ပြိုင်ပြောကြမယ် ကွာ........
နင့် အလွမ်း ငါ့ တမ်းတခြင်းတွေ ဘယ်သူ နိုင်မလဲ ပေါ့
ခုတော့ လည်း အချစ်နတ်သား ရဲ့ 
ဒဏ်ခတ် ခံ နေရတဲ့  နှစ်ယောက်သား တို့ ဘဝ
အံကျိတ်လို့ ပဲ အလွမ်းခါးခါး ကို ခဏ သောက်သုံးထားလိုက်အုံးမယ် နော်
ညအက္ခရာ.........
ချစ်မိ သူ တစ်ယောက် အဖြစ်
တစ်ရွာသား နဲ့  ရည်စား ထား ရတာ
ဖိနပ် မပါ တဲ့  ခြေထောက်
ဆူးစူး မှာ လည်းကြောက်ရ သလို
သူ နဲ့  ဝေးရမှာကို တွေးကြောက်မိတယ်
တစ်ခါတလေ ရီရီမောမော နဲ့ 
တစ်ခါ တရံ စိတ်ကောက်ကြတယ်
နဖူးစာ ရွာလယ် လို့ 
သံယောဇဉ် တံတား ထိုးမိပါတယ်
သူ အလိုကျ လိုက်လျှောမိတာ
ကိုယ့်ကိုကိုယ် တောင် ဘာမှန်း မသိတော့ဘူး
သြော်...........အချစ်ဆိုတာ လည်း ဆန်းကျယ်ပါလားကွယ်.............
လွန်ဆန် မရတဲ့  အမိန့် 
ချစ်သက်တမ်း တိုးလာ တဲ့အမျှ
သူ့  အကြိုက်လိုက် သူ့ တဘောကိုဆောင်
"ဟအင်း" တစ်ခွန်း ငြင်းခွင့် မရှိ
"ဟုတ်ကဲ့" တစ်လုံး နဲ့  တင်...
သူ့ အရိပ် အောက် တပ်သား တစ်ယောက် အဖြစ် နဲ့  ငါ
ရှေ့ ဆက်မယ့် လမ်း တိုင်းကို ဆူး ခလုပ် မရှိစေချင်ဘူး ကွာ
ညအက္ခရာ...
Tuesday, 30 July 2013
ပန်းခရေ မြင်တိုင်း လွမ်း စိတ်ပို တဲ့  တစ်ချိန်
မိုးဥတု ရဲ့ 
အအေးဓာတ့် လေး မပိုမကဲ
အုပ်ဆိုင်း မိုးညို
တောင်းတန်းတွေ ၀ိုင်းရံ နေတဲ့ 
မြစ်သံလွင် ချောင်းနဘေး က
အိမ်လေး ကိုလည်း လွမ်းမိလေရဲ့ 
ခရေပင်အောက် ဖြတ် အလျှောက်မှာ
လေ အတိုက် ကြွေကျလာတဲ့ 
ပန်းတွေ ကောက်ရင်
အမေ့  ဆံကေသာ မှာ အမဲရောင်ကျဲ
ဖြူ မွဲမွဲ နောက်တွဲ ဆံထုံး ထက်
ဒီပန်း တွေ ဝေနေဖို့  အတွက်
အမေ ရေ.ဒီပန်းလေး
ပန်ပေး ပါနော် ပူဆာသံ လည်း
ကြားယောင်သေးတယ်
တံငါးသယ် မဟုတ်
ဝါတနာ နဲ့  အချိန် ကို အသုံးချ ချင်လို့ တဲ့ 
အဖေ ငါးရှာထွက် လို့ 
အဖေ ပြန်လာချိန် ကမ်းနဘေး
အမေ နဲ့  အတူတူ ငေးရင်
ဒီနေ့  အဖေ ငါးတွေ အများကြီး ရမလား အမေ လို့ 
ကလေး တစ်ယောက်ရဲ့  အမေးမြန်ထူ ပုံ ကို မဖြေနိုင် လို့ 
ခဏခဏ ကျလာ တဲ့ 
အမေ့  မျက်စောင်း အိုအို
မရိုးနိုင် တဲ့  ငယ် ဘ၀ လေး တွေးရင်
သွားလေသူ အဖေ ကို အရမ်းသတိရတယ် အမေ..........
ရွာလယ် ကျောင်းတိုက်
တုံမောင်းထုသံ နေ့ ဆွမ်း ကပ်ဖို့ 
ဆွမ်းဗန်း ကိုရွက် ယောဂီ တဘက် နဲ့ 
မနိုင်မနင်း ထမီးကွင်းလေး အပြေးဝတ်
တစ်ဆယ့် ရှစ်နှစ့် ရဲ့  သမီးပျို ဘ၀ ကိုလည်း လွမ်းတယ်
အရွယ် ကလေးတွေ လွန်
ခုဆို အသက် တွေတောင်
နှစ်ဆယ့် ကို လွန်၍ သုံးဆယ် ဆိုတဲ့ 
ရာဇ ထဲ ရောက်ခဲ့ပြီးနော်
ဘ၀ အကြောင်းလေး
ဟိုးတွေး ဒီတွေး နဲ့ 
အမိမြေ ကိုလည်း တမ်းတ မှန်ဆ ကာလွမ်း
သြော်........ငါ့ ဘ၀ ရယ်
အားလုံး နဲ့  ဝေး တစ်ယောက်ထဲ ငေး............တွေး.............ဆွေး ရင်း
အိမ်ပြန်ချိန် ကို တောင် ပြက္ခဒိန် မလှန်ကြည့်မိသေးတာ
အနာဂတ် အတွက် ရုန်းကန် တုန်းမို့  ထင်ပါတယ်။
(.......တခါ က အတူနေခဲ့ရတဲ့  အမိဖ သဖွယ် သံယောဇဉ် တွယ်ကပ်မိတဲ့ နို့ ထိမ်း အမေ နဲ့  အဘ ကို သတိရမိလို့  မိုးအေးအေး မှာ အလွမ်းစိတ် ပိုလို့  စပ်မိစပ်ရာ ရင်ထဲက စာလုံးလေးတွေ ပါ စာသားအချိုးမကျရင် ခွင့်လွှတ်ပေးပါရှင်..........)
ညအက္ခရာ..............
Sunday, 28 July 2013
အချစ်မှာ နားလည် မှု့ ပဲ လိုတယ်
ကျန်ရှိ နေတဲ့  ကျမ
လက်ကျန် သက်တမ်း အချို့  ကို
ချစ်သူ လက်ကို တွဲ နားလည်းခြင်း တွေ နဲ့ 
ပြည့်နှက်နေတဲ့  အိမ်လေး ထဲ
ပျော်ပျော် နေချင် သလို
အခမ်းနား ကြီး မဟုတ်တောင်
မဆန်းပြား တဲ့  တူညီမှု့ တွေ နဲ့ 
တည်မြဲနေတဲ့  အိမ်ထောင်လေး ကိုလည်း
ပိုင်ဆိုင်ချင်ပါတယ်.........
စိတ်ကူးယဉ် မဆန်တဲ့ 
သဘာဝ လောကကြီး နဲ့ 
သဟဇာတ တည့်စွာ ရိုးသားခြင်း တွေ နဲ့ 
ဖြတ်သန်း မိချင်တာ ကျမ စိတ်ကူးလေးပါ
လူချမ်းသာ ဖို့  ထက်
ကျမ တို့  အရိပ့်လေး နွေးထွေး စေလိုတာ
ကျမ မျှော်လင့်ချက်လေးပေါ့ ချစ်သူ ....
အမှား နဲ့  အမှန်
တစ်ယောက် မှားကွက် တစ်ယောက် ထောက်ပြ
အကြောင်းရင်းလေး တွေ
အနားမညီ တဲ့ 
စိတ်ကူး တွေ ရှိ ခဲ့ရင် ကူညီလို့  ဖေးမ
ပြုပြင် ရမှာ ချစ်သူ နဲ့  ကျမ ပဲနော်
အခု ချိန်လေး ထဲက
စိတ်ကူး ထားသမျှ
တစ်သား ထဲ ကျနေဖို့ 
အမြဲတမ်း ကျမ နဲ့  ချစ်သူ
အတွေးကိုယ်ဆီ အမြဲတမ်း သွေးအေး မနေဖို့ 
နွှေးနွှေး ပေးနေဖို့  လိုမယ် ထင်တယ်ကွယ်
ညအက္ခရာ...........
လက်ကျန် သက်တမ်း အချို့  ကို
ချစ်သူ လက်ကို တွဲ နားလည်းခြင်း တွေ နဲ့ 
ပြည့်နှက်နေတဲ့  အိမ်လေး ထဲ
ပျော်ပျော် နေချင် သလို
အခမ်းနား ကြီး မဟုတ်တောင်
မဆန်းပြား တဲ့  တူညီမှု့ တွေ နဲ့ 
တည်မြဲနေတဲ့  အိမ်ထောင်လေး ကိုလည်း
ပိုင်ဆိုင်ချင်ပါတယ်.........
စိတ်ကူးယဉ် မဆန်တဲ့ 
သဘာဝ လောကကြီး နဲ့ 
သဟဇာတ တည့်စွာ ရိုးသားခြင်း တွေ နဲ့ 
ဖြတ်သန်း မိချင်တာ ကျမ စိတ်ကူးလေးပါ
လူချမ်းသာ ဖို့  ထက်
ကျမ တို့  အရိပ့်လေး နွေးထွေး စေလိုတာ
ကျမ မျှော်လင့်ချက်လေးပေါ့ ချစ်သူ ....
အမှား နဲ့  အမှန်
တစ်ယောက် မှားကွက် တစ်ယောက် ထောက်ပြ
အကြောင်းရင်းလေး တွေ
အနားမညီ တဲ့ 
စိတ်ကူး တွေ ရှိ ခဲ့ရင် ကူညီလို့  ဖေးမ
ပြုပြင် ရမှာ ချစ်သူ နဲ့  ကျမ ပဲနော်
အခု ချိန်လေး ထဲက
စိတ်ကူး ထားသမျှ
တစ်သား ထဲ ကျနေဖို့ 
အမြဲတမ်း ကျမ နဲ့  ချစ်သူ
အတွေးကိုယ်ဆီ အမြဲတမ်း သွေးအေး မနေဖို့ 
နွှေးနွှေး ပေးနေဖို့  လိုမယ် ထင်တယ်ကွယ်
ညအက္ခရာ...........
ကဗျာ အဖြူ အမဲ
ဇူလိုင် လ ရဲ့  မနက်ခင်း မှာ
မိုးဥတု ရဲ့  ငယ်ပေါင်း လေး
မိုးဖွဲတွေ ကျလို့ ပေါ့
အလွမ်း စာသား တွေ ရေမလို့ ပါပဲ
အကြောင်းအရင်း ရှာမရလို့ 
မနက်ခင်း လေပြေနု ကို
စနိုး စနောင့် နဲ့ 
စိတ်ကောက်မိလိုက်တယ် ။
တိတ်ဆိတ် နေတဲ့  မနက် ခင်းထဲ
ကဗျာ ရေးမယ် ကြံတိုင်း
ကျမ အိပ်ယာ ထ နောက်ကျလို့ 
အာရုံဦး နဲ့  လေညှင်းလေး တွေ
အကျန ကောက်ကြတာ
ချော့ လိုက်ရတာ လည်း အမော တကောပဲ ။
ပေါ့ပေါ့ ပါးပါး နဲ့ 
မနက် အိပ်ယာ နိုး လာတိုင်း
ကျမ ပြန်မတွေး မိတဲ့  အကြောင်း အချို့ 
မေ့ပျောက်ရင်း............
ကျမ သောက်နေကျ ကော်ဖီ ခွက်လေး
အရင်း အတိုင်း အမြဲတမ်း အေးစက်စက် ။
ကျမ စိတ်ကူး အိမ်ထဲ
အတွေး တွေ ဖောင်းပွ နေတယ်
မနေ့  ကျမ ဆီက ငှားသွား တဲ့ 
အလွမ်း တွေကို အကြွေးပြန်တောင်းဖို့ 
ဒီနေ့  ကျမ စကား လုံး လှလှ လေး ဖန်ဆင်းရအုံးမယ်
စာသား တွေ အရောင်ချယ် စရာ မလိုပဲ
ကာလာ အဖြူ အမဲ နဲ့ 
ဒီနေ့  ကျမ ရေး တဲ့  ကဗျာ
ဗရုတ်သုတ်ခ နဲ့  အနားမညီ
ကဗျာ မဆန် တဲ့ 
ဘုကျကျ စာသားတွေ
အသက် ၀င် ချင်သေးတယ်။။။။။။။။။
ညအက္ခရာ...........
Saturday, 27 July 2013
အချစ်နွံ ထဲက ကိုယ်တိုင်ရုန်းထွက်ခဲ့သူ -------------------------------------------------------
နင်.............ကြောင့်ပေါ့
ငါ အမုန်းဆုံး ဆေးရုံ တက်ခဲ့ရတယ်
နင့်............ကြောင့်ပဲ
မျက်ရည်တွေ ကျခဲ့ရတာ
နင် အတွက်ပေါ့............
ဆုတောင်းခြင်း တွေ နဲ့ 
အိပ်ယာဝင် တိုင်
တောင်းဆုပြုခဲ့တာ
နင် ....ကျမ်းမာပါစေလို့ 
ငါ...ဆက်သမျှ ဖုန်း တွေ
ပြန်ပြီး ကြားလိုက် ရ တာ..............
လူကြီးမင်း ခေါ်ဆိုသောဖုန်း မှာ
စက်ပိတ်ထားပါသဖြင့်..........အမြဲတမ်းပေါ့
မကြားချင်းတဲ့ .......သတင်း တစ်ခု နဲ့ 
မိဘ တွေ တဘောမကျ လို့ တဲ့ 
နင် ရှောင်ထွက်ခဲ့တယ်..........
ငါ....ဆိုးတာ ၀န်ခံ ခဲ့တယ်
ငါ.....မှားတာ တောင်းပန် ဖူးတယ်
ငါ.....ရူးရူးမူးမူး ချစ်ခဲ့တာ
နင် ဥပက္ခာ ပြုပြစ်ခဲ့တယ်
ဒီအတွက်ကြောင့်............
ငါ............ကျောခိုင်းခဲ့တယ်
ဒီ အတွက် ကြောင့် ...........
ငါ မမှားလောက်တော့ဘူး။။။။။။။။။။။။။။။။။။။
>>>>>>>>>>>ညအက္ခရာ...............
Monday, 22 July 2013
မျက်ရည် စ များ နဲ့  ကျမ
သက်ပျင်း ကို ဖွဖွ ချ
စိတ် အမောရယ် ပြေစမ်းပါ..............လို့ 
ကျမ တိုးတိုးလေး ဆုတောင်းမိတယ်
အိပ်မရလို့  ကဗျာ တွေ
ကောက်ချရေးမိပါတယ်
အလွမ်းတွေ နဲ့  ပဲ
ကျမ အိပ့်ခန်းလေး မွန်းကျပ်နေခဲ့တာ
ချစ်သူ ရယ်...........
ရင်ထဲ အမော တွေ
အရမ်းကြမ်းတယ် ဟာ..........
ချစ်သူ အတွက် ကျမ တွေးပူ ခဲ့ လို့ 
မျက်ရည် စ နဲ့ 
ကျမ အိပ်ရာ ၀င်ဖြစ်တဲ့  ညတွေကို
စာနာ တတ် မယ်ဆိုရင်
ကျမ ကို ခဏ လောက် လှည့်ကြည့်ပေးပါ
မပြယ်သော ချစ်စိတ်တို့  နဲ့ 
ချစ်သူ အတွေး ထဲ ကျမ ဆိုတဲ့ 
ကျမ အမြဲရှိနေပေးပါနော်.........
မာန ရဲ့  အလွဲများ...........
ဟောင်း နွမ်းပြီးလို့  ထင်ခဲ့ တဲ့ 
ဖိနပ် အစုတ် ကို
လွှင့်ပစ် လိုက်ပြီး ပီပဲ
သူများ ကောက်စီး မှ
ဒါ.............ငါ့ဖိနပ် ပါလို့ 
သက်သေ အထောက်ထားတွေ နဲ့ 
စွပ်စွဲနေတဲ့  မင်း အတွက့် 
ငါ............ရှက်တယ်
ချစ် တိုင်း မညား
ထား တိုင်းလဲ မမြဲတဲ့ 
ရည်းစား တွေ လိုပဲ
ချစ်ပါတယ် လို့ 
ဖွဖွရွရွ သွားပြောနေလည်း
ထူးမလာတဲ့  ဇာတ်မို့ 
ဆက် မက တာပဲကောင်းပါတယ်........
နင် ကလည်း နင် စစ်စစ် ဖြစ်ဖို့  နဲ့ 
ငါ ကလည်း ငါ စစ်စစ်ဖြစ်ဖို့ အတွက်
မာန တွေ ရေစစ်ထဲ
ဇကာတင် စစ်ဖို့ 
မလိုအပ်ဘူး ထင်တယ်.........
ဝါကျ တွေ နဲ့ 
ခက်ဆစ့် မဲ့ ပုစ္ဆာ လိုပဲ
အသံထွက် မမှန်ခဲ့လို့ 
တို့ တွေ...........ဆုံမှတ်လွဲခဲ့ရပြီ
ဖိနပ် အစုတ် ကို
လွှင့်ပစ် လိုက်ပြီး ပီပဲ
သူများ ကောက်စီး မှ
ဒါ.............ငါ့ဖိနပ် ပါလို့ 
သက်သေ အထောက်ထားတွေ နဲ့ 
စွပ်စွဲနေတဲ့  မင်း အတွက့် 
ငါ............ရှက်တယ်
ချစ် တိုင်း မညား
ထား တိုင်းလဲ မမြဲတဲ့ 
ရည်းစား တွေ လိုပဲ
ချစ်ပါတယ် လို့ 
ဖွဖွရွရွ သွားပြောနေလည်း
ထူးမလာတဲ့  ဇာတ်မို့ 
ဆက် မက တာပဲကောင်းပါတယ်........
နင် ကလည်း နင် စစ်စစ် ဖြစ်ဖို့  နဲ့ 
ငါ ကလည်း ငါ စစ်စစ်ဖြစ်ဖို့ အတွက်
မာန တွေ ရေစစ်ထဲ
ဇကာတင် စစ်ဖို့ 
မလိုအပ်ဘူး ထင်တယ်.........
ဝါကျ တွေ နဲ့ 
ခက်ဆစ့် မဲ့ ပုစ္ဆာ လိုပဲ
အသံထွက် မမှန်ခဲ့လို့ 
တို့ တွေ...........ဆုံမှတ်လွဲခဲ့ရပြီ
Sunday, 21 July 2013
ရှင်သန်ခြင်း ဖြင့် 
မြတ်နိုးစွာ ချစ်တတ်ခဲ့ပြီး
အပြစ်တွေ မြင်တိုင်
နားလည် ခြင်း အချစ် နဲ့ 
ဖုံဖိ ပေးခဲ့တာမို့ 
တို့  နှစ်ဦးမေတ္တာ မြဲစေသားနော်............
နာလည်စွာ ပေးခဲ့ကြတဲ့ 
အပြန်အလှန် ဖြူစဉ် ခြင်းကို
သစ္စာ ဆိုပြီး မချစ် ခဲ့ဘူး
ရင် ထဲက အချစ် နဲ့  ကို
ချစ်သူ အပေါ် ချစ် ပြီပြီး မို့ 
သ၀န်တို ခြင်းတွေ
ဘေးသို့  ဖယ်ထား ကွယ်.......
ဆုံစည်း ဖို့ က
တို့  နှစ်ယောက် သား အတွက်
အလို အပ်ဆုံးမို့ 
မနက်ဖြန် အတွက်
မျှော်လင့်ချက် တွေ နဲ့ 
ရှင်သန်နေမယ် ...............
ညအက္ခရာ
Saturday, 13 July 2013
ကိုယ်ပိုင် သမိုင်းပဲ .....................................
ပြီးဆုံး သွားတာ မဟုတ်ဘူး
ဆက်မလျှောက်ဖြစ် တဲ့  လမ်းမို့ 
ဆက် မသွားဖြစ်ခဲ့တာ
မုန်းလို့  လဲ မဟုတ်ခဲ့သလို
မေ့ မလား မမေးနဲ့ 
အလွမ်း လည်း မရှိတော့
သြော်.............နင် နဲ့  ငါ့ အကြား
သတိရမှု့  လေးတောင် မရှိတော့တာ ဘာကြောင့်လဲ...........?
မေး မလာနဲ့  ဖြေစရာ အဖြေ ပေးဖို့ 
နင့် အတွက် စကားကုန်သွားလို့ ပဲ.......။
တမ်းတခြင်း တဲ့ 
မဟုတ်တာပဲ
မှန်းဆ ဖို့ တောင် နင့်  ဖက်
မတွေးမိဘူး
အဆိုး ကြုံလာတော့
အကောင်းဖက်ကို မက်မောမိတာ
ငါ ကိုယ် ငါ အပြစ်မရှိဘူး မထင်ခဲ့ သလို
လက်ရှိ ငါ သမိုင်းကို
ငါ့ အတွေး နဲ့  ငါ့ ခန္ဓာ က ဦးဆောင်နေတယ်...............။
နှစ်ဖက်တီးမှ မြည်တဲ့  လက်ခုပ်လိုပဲ
နင် ကောင်းရင် ငါ မဆိုးပါဘူး
ဥပမာ နှိုင်းရင် မှန်ကြည့်သလိုပဲ
နင် ပြုံး ပြမှတော့
ငါ လည်း မရယ်ပဲ မနေနိုင်ခဲ့ပါဘူး
ကိုယ်ပိုင် အတ္တ မဟုတ် တာသေခြာ တယ်
ဝေဒနာ တွေ ကင်းတဲ့  အရပ်မှာ
ငါ........စိတ် တွေ သန့် စင်အောင်
အညစ်ကြေး ကိုစွန့် လွှတ်ရင်
အရောင်တွေ မ ချယ်တဲ့ 
လောက မြေထဲ
ငါ့ သမိုင်းကို ပျိုးထောင်လို့ ပေါ့
ညအက္ခရာ.................
Wednesday, 10 July 2013
အသဲ နှလုံး တံငါးသယ်
အချစ် ကို ယုံကြည်မှု
မရှိ တဲ့  လူ တစ်ယောက်က
အသဲကွဲ တာ ရီချင် စရာပဲ
မယုံကြည်ခဲ့ တာ အချစ်တဲ့ 
ဘာဖြစ်လို့ 
အချစ် ရဲ့  စည်းဝိုင်း ထဲ
သတ်ပုတ်ပွဲ လာဆင်နွှဲ တာလဲ
ခိုင်မာ နေတဲ့  သူ့ အသဲ က
အချစ် နဲ့  တွေ့ မှ ၀မ်းနည်းရသတဲ့  လား
သွားစမ်းပါ
နှလုံးသား မပါ ပဲ
အလွမ်း နာကျတဲ့  အကြောင်း
စာဖွဲ့  မပြောနဲ့ 
အသဲ မရှိ တဲ့ 
သူ .က
ကိုင်တံ နဲ့ 
အချစ် ရှိရာ အရပ်မှာ
တံငါး သယ် လာလုပ်သတဲ့
လောက ထဲမှာ
အသက် မ၀င်လှတဲ့ 
အချစ်လောက်
ပေါ့ပျက်ပျက် ရှိလှတာ
ဆားမပါ တဲ့  ဟင်း ချိုတစ်ခွက် လိုပဲ
ည
မနေ့  ည က
ဒီအချိန်..........
ဒီနေ့  ည မှာရော
မှောင် နေမလား
မပြည့် မဆမ်း လခြမ်း ကွေး မှာ
ဘယ်သူတွေ ခိုတွဲ အိပ်စက် နေမလဲ
တိတ်ဆိတ် စွာ နေတတ် တဲ့ 
အမှောင် ထုကို
ဘယ်သူတွေ လေလံတင် ရောင်းချဖို့ 
ကြံရွယ် နေကြသလဲ
အပြယ့် တစ်ပြယ် ည အမှောင် မှာ
အလင်းရောင် က ကျီစယ်နေတာ
အမှောင်ချစ်တဲ့ 
ငါ.............ရင်နာလိုက်တာ
တော်ပြီကွာ
ခံစားချက်တွေ ထည့်လွမ်း
ဒီ ညချမ်း မှာ
နင် မရှိတာ ငါ့ အတွက်
လိုအပ်ချက် တွေ ရှာမရတဲ့ 
ဝေဒနာ တွေ ပိုတိုး လာသလိုပဲ
ကျေးဇူ့ ပြုပြီး
ငါ့.............အနား ပြန်လာပေးပါ
ကလေး ......လေးရာ
ညအက္ခရာ
Sunday, 7 July 2013
တစ်ယောက် ထဲ မူပိုင်
ကျမ မဟုတ်တဲ့  အခြားသူကို
ရှင် မပြုံးပြ ပါနဲ့ 
အခြား သူ ကို ရှင် ပြုံးပြတိုင်း
ကျမ ဆုံးရှုံး မှာ ကြောက်လွန်း လို့ ပါ......။
ကျမ စိတ် ပုတ်တယ် ပဲ ဆိုဆို
သ၀န်တို စိတ် နဲ့ 
ရှင့်  ကို ကျမ အူတို မိတယ်......။
ချစ်မိတဲ့  သူမို့ 
အရှုံး ကြီး ရှုံး
ရှင့်  .....အပြုံးမြင်တိုင်း
ရန်ခုန် ရသူ
အခြား သူ လက်ထဲ မပေးရက်ဘူး......။
Thursday, 4 July 2013
ငါ ပိုင်ဆိုင်ရာ
ငါ့...........ရင်ဘတ်ထဲ
ရင်ခုန်သံ ပျိုး လာကြဲ
နင်ဟာ .....
နှလုံးသား လယ်သမား တစ်ယောက်ပဲ
နှလုံးသား မျိုး ကို
ခိုးခိုး နုတ် တစ်ကယ်ဆို
နင်ဟာ.........
လယ်သူရင်းငှား အစုတ်ပလုပ်ပေါ့
ငါ့ တစ်ယောက်က လွဲပြီ
ကျန်နယ်မြေများစွာ
ငဲ့ကွက်စွာ လွတ်လပ်ခွင့်ပေးလို့ 
ငါ ပိုင်ဆိုင်ရာ
နှလုံးသား နယ်မြေတ၀ိုက်ကိုပဲ
ရက်စက်စွာ သိမ်းပိုက်ပါတော့
ထာဝရ အတွက်
နင့်  တစ်ယောက်စာ
ရာသက်ပန်ပေါ့
ရင်ခုန်သံ ပျိုး လာကြဲ
နင်ဟာ .....
နှလုံးသား လယ်သမား တစ်ယောက်ပဲ
နှလုံးသား မျိုး ကို
ခိုးခိုး နုတ် တစ်ကယ်ဆို
နင်ဟာ.........
လယ်သူရင်းငှား အစုတ်ပလုပ်ပေါ့
ငါ့ တစ်ယောက်က လွဲပြီ
ကျန်နယ်မြေများစွာ
ငဲ့ကွက်စွာ လွတ်လပ်ခွင့်ပေးလို့ 
ငါ ပိုင်ဆိုင်ရာ
နှလုံးသား နယ်မြေတ၀ိုက်ကိုပဲ
ရက်စက်စွာ သိမ်းပိုက်ပါတော့
ထာဝရ အတွက်
နင့်  တစ်ယောက်စာ
ရာသက်ပန်ပေါ့
အာမထိ လျှာမထိ စပ်မိစပ်ရာ
နင် စိတ်အဆာပြေဖို့ 
ငါ................
စာပွဲထိုး တစ်ယောက်လို
ရင်ဘတ်ထဲ ကနှလုံးသား နဲ့ 
ဧည့်ခံကျွေးမွေး
ဟောင်းလောင်း ပေါက် အသဲ နဲ့ 
ခံစားချက်တွေ အသက်မဲ့  ခဲ့ရပြီး.......။
နင် အလင်းရောင် ရဖို့ 
ငါ.......
ညစ်ထေး နေတဲ့  ဆီးမီး ခွက်လို
အပူတွေ ရင်မှာခြုံ
မှိုင်းငွေ့ တွေ အကြား
ငါ့ မျက်ရည်တွေ ဖြာဆင်းကုန် ပြီးလေ...........။
နေ နဲ့  ည
ဖြစ်စဉ်တွေထဲ
ခေါက်ရိုးကျိုးနေပါပြီဆိုမှ
မက်တဲ့အိပ်မက်တွေကတောင်
ခေါက်ရိုးကျိုးလာ
နင် နဲ့  ပက်သက် လာရင်
ဘာများ ရင်ခုန်စရာရှိပါသလဲ … ။
နေမြင့်  လာတဲ့ အမျှ
ငါ့ အချစ်တွေ ခြစ်ခြစ်တောက်
ပူလောင်နေခဲ့ပြီး
နင် စေလိုရာ တစ်ကိုယ်စာ
လှိုင်းလုံး အကြား
နင့်  အလိုကျ လွန့် လူး ခဲ့ရပါတယ်....။
ငါ................
စာပွဲထိုး တစ်ယောက်လို
ရင်ဘတ်ထဲ ကနှလုံးသား နဲ့ 
ဧည့်ခံကျွေးမွေး
ဟောင်းလောင်း ပေါက် အသဲ နဲ့ 
ခံစားချက်တွေ အသက်မဲ့  ခဲ့ရပြီး.......။
နင် အလင်းရောင် ရဖို့ 
ငါ.......
ညစ်ထေး နေတဲ့  ဆီးမီး ခွက်လို
အပူတွေ ရင်မှာခြုံ
မှိုင်းငွေ့ တွေ အကြား
ငါ့ မျက်ရည်တွေ ဖြာဆင်းကုန် ပြီးလေ...........။
နေ နဲ့  ည
ဖြစ်စဉ်တွေထဲ
ခေါက်ရိုးကျိုးနေပါပြီဆိုမှ
မက်တဲ့အိပ်မက်တွေကတောင်
ခေါက်ရိုးကျိုးလာ
နင် နဲ့  ပက်သက် လာရင်
ဘာများ ရင်ခုန်စရာရှိပါသလဲ … ။
နေမြင့်  လာတဲ့ အမျှ
ငါ့ အချစ်တွေ ခြစ်ခြစ်တောက်
ပူလောင်နေခဲ့ပြီး
နင် စေလိုရာ တစ်ကိုယ်စာ
လှိုင်းလုံး အကြား
နင့်  အလိုကျ လွန့် လူး ခဲ့ရပါတယ်....။
Wednesday, 3 July 2013
အပျိုဂုဏ် လေးနဲ့  မိန်းမ အလှ တန်ဖိုး ထားတတ်ပါစေ

ချိုသာယဉ်ကျေး
အပြောဆို လေးနဲ့ 
သိပ့်မွေ့  လှတဲ့  ညီမငယ်
တစ်ကယ် လှလို့ 
အနေ အေးဆေး နေ မလား
အလှတရား တွေနဲ့ 
မြင်ရာလူကို တွဲ
ဆွဲ ကစား လို့ လှည့် စားနေမလား
မနူးမနပ် စိတ်ကစား တဲ့  အရွယ်
မဟုတ်ပြန်လေတော့
တစ်ကယ်ဆို
ညီမလေးက ကဝေမ တစ်ယောက်လိုပဲ
ပြုစားတတ်တဲ့ 
စုန်းမ တစ်ယောက် လေလားကွယ်
ေယာက်ာၤး.....ေယာက်ာၤး
ထုိ....သူသူ တုိ ့က
အဆိုး လည်း ရှိသလို
အကောင်းလည်း ရှိမယ်
အပျိုဂုဏ်ရည်
အမည် လေးတော့
တန်းဖိုးထားစေချင်တယ်
ညီမလေးရယ်
ရုပ်ကလေး အဆင်း
လှနေသလို
အနေထိုင်လေး လည်း လှစေလိုပါ ၏
အပြော ကလေး ချိုအေး
ညီမလေး အလှလေး ကိုယ်တွင်း
မြဲစေချင်ပါတယ်
ဖွင့်ဟ လှန်ပြ
ပြုသူ မရှက် မြင်သူရှက် ၍
ဤ သို့  ပုံ နှယ်
ပြုဖွယ်မသင့်
ညီမလေး လည်း ရှောင်ရှား စေချင်ပါ၏
မိန်းမ မိန်းမ ဒို့ များဘဝ
ကုန်ကူးလှေမှောက်
ဆိုဖွယ်မရှိလောက်ပေမယ့်
လင် ကုန်ရှုံး က တစ်ဘ၀ စာမို့ 
ညီမလေး ခြေလှမ်း အစ
မမှားရအောင် အလေးထား
တွေးတော စဉ်းစား စေချင်တယ်
ညအက္ခ ရာ
ချစ်သူ ပေးသော အကြင်နာ
မနက်ခင်း လေး က
မိုးလင်းပြီး လို့ အသိပေး
ပြတင်း တံခါး ကိုဖွင့် ခိုက်
တီတီ တာတာဆူညံ သံတွေပေး
ဌက်ကျေးလေးတွေ
တေးဆို နေကြတာ ပျော်စရာ ပေါ့
ခုန်ပေါက်လို့  ရောက်ချလာတဲ့ 
နေခြည် နုနု က
ငါ့ နဖူးအပေါ်
ဝဲပျံ အကျ
လေပြေအေးအေး တွေ
ငါ့ ပါးမို့ မို့ ပေါ်ဖြတ်အပြေး
ခွင့်မတောင်းပဲ
ဆွတ့် ယူနမ်းသွားလိုက်တာ
ရှက်သွေးတောင် ဖြန်း သွားလေရဲ့ 
ချစ်သူ ရဲ့  Morning ပါ
ကလေးရေ.............
ဒီနေ့ အတွက် ပျော်ရွှင်ပါစေလို့ 
တစ်နေ့  တာ အတွင်း ဆုတောင်းစာလေး အတွေ့ မှာ
ဘာနဲ့  မှမတူနဲ့  ကြည်နူးမှု့ က
ဘယ်အရာ နဲ့  ကို လဲလို့ မရခဲ့တာ
အရာရာ အတွက့်  ကျေးဇူ့ပါ ချစ်သူ
ညအက္ခရာ
Tuesday, 2 July 2013
ပြန်ဆုံ မယ့် တစ်နေ့ 
သမရိုးကျ စကားလုံး ရဲ့ 
အသုံးနှုန်း ထဲမှာ
ချစ်သူ ကို ကျမ
သိပ်ချစ်တာပဲလို့ 
အမြဲပြောခဲ့ သလို
ချစ်သူ နဲ့  ကျမ
အပြန်လှန် နားလည်မှု့ တွေ နဲ့ 
သိပ်ချစ်ခဲ့ကြတယ်
နီး ရက် နဲ့  ဝေး
ဆို စကားလို ပဲ
မြင်သာ နဲ့  နေရာကပဲ
မြင် နေရခြင်း အတူတူ
အဝေး က ကြင်နာတဲ့ 
စကားလုံး တွေ နဲ့ ပဲ
တစ်ယောက် ကို တစ်ယောက်
ဖေးမ ရင်း....ဆွေး တ သသ ပဲကွယ်
စိတ်ကူးတွေ က ထပ်တူကျ နေပြီး ပဲ
ဘာကြောင့်မှန်း မသိသေးတဲ့  မနက်ဖြန်တွေ ကို
ရက်စွဲ မတပ်ရသေးလို့ 
ကျမ တို့  မနက်ဖြန် အတွက်
ဆုံတွေ့ ရမယ့် သဘက်ခါ ကို
နောက်နေ့  တွေ နဲ့ 
မနက် သစ် တိုင်း မျှော်ငေးရအုံးမယ်
ပြန်ဆုံ တဲ့  တစ်နေ့ 
ဘယ်တော့မှ ထပ် မဝေး ကြေးနော်
ကလေး တစ်ယောက် လိုပါပဲ
ကျမ လေ ချစ်သူ ကို
ထပ်မဝေး ရဲတော့ဘူးကွယ်
ညအက္ခရာ
no
အဝေးရောက်ချစ်သူ
အခုအချိန်မှာအလွမ်းတွေကို
ခါးသီးစွာထွေးဖက်ရင်း
မင်းကိုထာဝရချစ်နေမဲ့
အဝေးရောက်ချစ်သူပါကလေးရယ်....
Labels
- ကဗျာ (211)
- ဆုတောင်း ကဗျာ (1)
- ရသ (3)
- အတွေး နဲ့  ရူးမိတဲ့  စာစု (1)
- အတွေးစု (3)
- အမေ အတွက် (1)
Blog Archive
-
▼
2013
(147)
-
▼
July
(18)
- ရင်မဆိုင် ချင်တဲ့  အလွမ်း
- ချစ်မိ သူ တစ်ယောက် အဖြစ်
- ပန်းခရေ မြင်တိုင်း လွမ်း စိတ်ပို တဲ့  တစ်ချိန်
- အချစ်မှာ နားလည် မှု့ ပဲ လိုတယ်
- ကဗျာ အဖြူ အမဲ
- အချစ်နွံ ထဲက ကိုယ်တိုင်ရုန်းထွက်ခဲ့သူ ------------...
- မျက်ရည် စ များ နဲ့  ကျမ
- မာန ရဲ့  အလွဲများ...........
- ရှင်သန်ခြင်း ဖြင့် 
- ကိုယ်ပိုင် သမိုင်းပဲ ...............................
- အသဲ နှလုံး တံငါးသယ်
- ည
- တစ်ယောက် ထဲ မူပိုင်
- ငါ ပိုင်ဆိုင်ရာ
- အာမထိ လျှာမထိ စပ်မိစပ်ရာ
- အပျိုဂုဏ် လေးနဲ့  မိန်းမ အလှ တန်ဖိုး ထားတတ်ပါစေ
- ချစ်သူ ပေးသော အကြင်နာ
- ပြန်ဆုံ မယ့် တစ်နေ့ 
-
▼
July
(18)
Followers
About Me
Powered by Blogger.
Popular Posts
-
နေ့ စွဲ မတပ်ဖြစ် တဲ့  ကြေကွဲသံတွေ.. ဒရွတ်တိုက်ဆွဲချ သွားတဲ့  နေ့  တွေထဲ နာကျည်း ခြင်းရဲ့  ပွတ်တိုက်သံက ငါ့ စိတ် ထဲ ခါးသက်လွန...
-
လူ တစ်ယောက် တန်ဖိုးဆိုတာ ကိုယ် ဖန်တီး တဲ့  အမူ အကျင့်ပေါ် မူတည်တယ် စကား ဆိုတာ ပါးစပ်ဟ လိုက်တိုင်း အသံထွက်တယ် ဆိုပေမယ့် လိုရ...
-
၆၆ မြှောက် မွန် အမျိုသားနေ့  ကို ဂုဏ်ပြု ကြိုဆိုလျှက် တွေ့ သမျှ မွန်ရိုးရာ ၀တ်စုံနဲ့  ပ...
-
အုပ်ချုပ်သူ မဲ့  စစ်ဆင်ရေး....... နှလုံးသား တမန်တော် တွေ အကြား ဗျူဟာမခင်းပဲ သိမ်းပိုက် ပစ်လိုက်တဲ့  ဒီ အချစ် အချစ်က ပျားရည် မဟုတ်...
-
"ပိုးဖလံ " မျိုး မီး ကိုတိုးတဲ့ ဟုတ်တယ်နော် အဲ့ဒီ စာ သား မမှားဘူး ........ ပြည်ပ ကို အရွယ်မရောက် တရောက် သားသမီး တွေကို ယ...