မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 3 July 2013

အပျိုဂုဏ် လေးနဲ့  မိန်းမ အလှ တန်ဖိုး ထားတတ်ပါစေ


ချိုသာယဉ်ကျေး
အပြောဆို လေးနဲ့ 
သိပ့်မွေ့  လှတဲ့   ညီမငယ်
တစ်ကယ် လှလို့ 
အနေ အေးဆေး  နေ မလား
အလှတရား တွေနဲ့ 
မြင်ရာလူကို တွဲ
ဆွဲ ကစား  လို့ လှည့် စားနေမလား
မနူးမနပ်  စိတ်ကစား တဲ့   အရွယ်
မဟုတ်ပြန်လေတော့
တစ်ကယ်ဆို
ညီမလေးက  ကဝေမ တစ်ယောက်လိုပဲ
ပြုစားတတ်တဲ့ 
စုန်းမ တစ်ယောက်   လေလားကွယ်
ေယာက်ာၤး.....ေယာက်ာၤး
ထုိ....သူသူ  တုိ ့က
အဆိုး  လည်း ရှိသလို
အကောင်းလည်း ရှိမယ်
အပျိုဂုဏ်ရည်
အမည် လေးတော့
တန်းဖိုးထားစေချင်တယ်
ညီမလေးရယ်
ရုပ်ကလေး  အဆင်း
လှနေသလို
အနေထိုင်လေး လည်း  လှစေလိုပါ ၏
အပြော ကလေး  ချိုအေး
ညီမလေး  အလှလေး  ကိုယ်တွင်း
မြဲစေချင်ပါတယ်
ဖွင့်ဟ လှန်ပြ
ပြုသူ  မရှက်  မြင်သူရှက် ၍
ဤ သို့   ပုံ နှယ်
ပြုဖွယ်မသင့်
ညီမလေး လည်း  ရှောင်ရှား  စေချင်ပါ၏
မိန်းမ  မိန်းမ  ဒို့ များဘဝ
ကုန်ကူးလှေမှောက်
ဆိုဖွယ်မရှိလောက်ပေမယ့်
လင် ကုန်ရှုံး က  တစ်ဘ၀ စာမို့ 
ညီမလေး ခြေလှမ်း အစ
မမှားရအောင်  အလေးထား
တွေးတော စဉ်းစား စေချင်တယ်

ညအက္ခ ရာ

0 comments:

Post a Comment