မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Tuesday 2 July 2013

ပြန်ဆုံ မယ့် တစ်နေ့ 


သမရိုးကျ   စကားလုံး ရဲ့ 
အသုံးနှုန်း  ထဲမှာ
ချစ်သူ  ကို  ကျမ 
သိပ်ချစ်တာပဲလို့ 
အမြဲပြောခဲ့  သလို
ချစ်သူ  နဲ့   ကျမ
အပြန်လှန်  နားလည်မှု့ တွေ  နဲ့ 
သိပ်ချစ်ခဲ့ကြတယ်

နီး  ရက် နဲ့   ဝေး
ဆို စကားလို  ပဲ
မြင်သာ   နဲ့   နေရာကပဲ
မြင် နေရခြင်း    အတူတူ
အဝေး  က  ကြင်နာတဲ့ 
စကားလုံး တွေ နဲ့ ပဲ
တစ်ယောက်  ကို   တစ်ယောက်
ဖေးမ  ရင်း....ဆွေး တ သသ  ပဲကွယ်

စိတ်ကူးတွေ က  ထပ်တူကျ နေပြီး  ပဲ
ဘာကြောင့်မှန်း  မသိသေးတဲ့  မနက်ဖြန်တွေ ကို
ရက်စွဲ  မတပ်ရသေးလို့ 
ကျမ  တို့    မနက်ဖြန် အတွက်
ဆုံတွေ့ ရမယ့်  သဘက်ခါ   ကို
နောက်နေ့  တွေ နဲ့  
မနက် သစ် တိုင်း မျှော်ငေးရအုံးမယ်

ပြန်ဆုံ တဲ့   တစ်နေ့ 
ဘယ်တော့မှ  ထပ်  မဝေး   ကြေးနော်
ကလေး တစ်ယောက်  လိုပါပဲ
ကျမ လေ ချစ်သူ  ကို 
ထပ်မဝေး  ရဲတော့ဘူးကွယ်

ညအက္ခရာ

0 comments:

Post a Comment