မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Sunday 28 July 2013

အချစ်မှာ နားလည် မှု့ ပဲ လိုတယ်

ကျန်ရှိ နေတဲ့   ကျမ
လက်ကျန်  သက်တမ်း  အချို့  ကို
ချစ်သူ လက်ကို တွဲ  နားလည်းခြင်း တွေ နဲ့ 
ပြည့်နှက်နေတဲ့   အိမ်လေး ထဲ
ပျော်ပျော်  နေချင် သလို
အခမ်းနား  ကြီး မဟုတ်တောင်
မဆန်းပြား တဲ့  တူညီမှု့ တွေ နဲ့  
တည်မြဲနေတဲ့   အိမ်ထောင်လေး ကိုလည်း
ပိုင်ဆိုင်ချင်ပါတယ်.........

စိတ်ကူးယဉ်  မဆန်တဲ့ 
သဘာဝ  လောကကြီး နဲ့ 
သဟဇာတ တည့်စွာ ရိုးသားခြင်း တွေ နဲ့ 
ဖြတ်သန်း မိချင်တာ  ကျမ စိတ်ကူးလေးပါ
လူချမ်းသာ ဖို့   ထက်
ကျမ  တို့   အရိပ့်လေး  နွေးထွေး စေလိုတာ
ကျမ မျှော်လင့်ချက်လေးပေါ့   ချစ်သူ ....


အမှား နဲ့   အမှန်
တစ်ယောက်  မှားကွက်  တစ်ယောက် ထောက်ပြ
အကြောင်းရင်းလေး တွေ
အနားမညီ  တဲ့ 
စိတ်ကူး တွေ ရှိ ခဲ့ရင် ကူညီလို့   ဖေးမ
ပြုပြင် ရမှာ  ချစ်သူ နဲ့   ကျမ ပဲနော်

အခု  ချိန်လေး ထဲက
စိတ်ကူး ထားသမျှ
တစ်သား   ထဲ  ကျနေဖို့ 
အမြဲတမ်း  ကျမ  နဲ့   ချစ်သူ
အတွေးကိုယ်ဆီ အမြဲတမ်း  သွေးအေး မနေဖို့ 
နွှေးနွှေး ပေးနေဖို့  လိုမယ် ထင်တယ်ကွယ်

ညအက္ခရာ...........


0 comments:

Post a Comment