မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 10 July 2013

အသဲ နှလုံး တံငါးသယ်


အချစ် ကို  ယုံကြည်မှု
မရှိ   တဲ့   လူ တစ်ယောက်က
အသဲကွဲ တာ  ရီချင်  စရာပဲ

မယုံကြည်ခဲ့ တာ  အချစ်တဲ့ 
ဘာဖြစ်လို့  
အချစ် ရဲ့   စည်းဝိုင်း ထဲ
သတ်ပုတ်ပွဲ  လာဆင်နွှဲ   တာလဲ

ခိုင်မာ  နေတဲ့   သူ့ အသဲ က
အချစ် နဲ့   တွေ့ မှ ၀မ်းနည်းရသတဲ့  လား
သွားစမ်းပါ
နှလုံးသား  မပါ ပဲ
အလွမ်း နာကျတဲ့  အကြောင်း
စာဖွဲ့   မပြောနဲ့  

အသဲ  မရှိ  တဲ့ 
သူ .က
ငမြှား  မပါ တဲ့ 
ကိုင်တံ   နဲ့ 
အချစ် ရှိရာ အရပ်မှာ
တံငါး သယ်  လာလုပ်သတဲ့


လောက  ထဲမှာ
အသက်  မ၀င်လှတဲ့ 
အချစ်လောက်
ပေါ့ပျက်ပျက်  ရှိလှတာ
ဆားမပါ တဲ့   ဟင်း ချိုတစ်ခွက်  လိုပဲ




0 comments:

Post a Comment