မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 31 July 2013

ရင်မဆိုင် ချင်တဲ့  အလွမ်း


အလွမ်း ကို  အလွမ်း နဲ့  စားရင်
အလွမ်းပဲ  ကြွင်း နေတာ
ဒီအလွမ်း နဲ့   မပတ်သက်ချင်တော့ဘူး

သံယောဇဉ် ဆိုတာ   မမြင်နိုင်ပေမယ့်     
အမှောင်ည   နဲ့   ကြယ်တွေ အိပ်ချိန် မှာ
ချစ်သူ  ရေ  ..................
နွေးထွေး တဲ့   နင့် ရင်ခွင် ထဲ ကနေ
တိုးခွေ့   ပြီး   နင့်  ကို ချစ်တဲ့ အကြောင်း
တိုးတိုးလေး  ဖွင့်ပြောပြချင်တာ.............

လွန်ဆန် မရတဲ့   အလွမ်း ည တွေ အတွက်
ပြန်ဆုံမယ့်  တစ်နေ့  မျက်နှာချင်ဆိုင်  ထိုင်ပြီး
အတိုးချ   လို့    စကားတွေ ပြိုင်ပြောကြမယ်   ကွာ........
နင့်  အလွမ်း  ငါ့ တမ်းတခြင်းတွေ ဘယ်သူ နိုင်မလဲ  ပေါ့
ခုတော့ လည်း  အချစ်နတ်သား    ရဲ့ 
ဒဏ်ခတ် ခံ နေရတဲ့   နှစ်ယောက်သား တို့ ဘဝ
အံကျိတ်လို့ ပဲ  အလွမ်းခါးခါး  ကို ခဏ  သောက်သုံးထားလိုက်အုံးမယ် နော်

 ညအက္ခရာ.........





             

1 comments:

ရင်လှိုင်းခတ်သံ said...

ည အတွက် အလွမ်းခါးခါးတွေ လွန်မြောက်ဖို့ ရင်လှိုင်းက အချစ်နတ်သားကို ကူပြောပေးမယ်နော်။

Post a Comment