မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Sunday 28 July 2013

ကဗျာ အဖြူ အမဲ



အက္ခရာ တွေ စာစီချ တဲ့ 
ဇူလိုင် လ ရဲ့   မနက်ခင်း မှာ
မိုးဥတု ရဲ့  ငယ်ပေါင်း လေး
မိုးဖွဲတွေ ကျလို့ ပေါ့
အလွမ်း စာသား တွေ  ရေမလို့ ပါပဲ
အကြောင်းအရင်း ရှာမရလို့ 
မနက်ခင်း လေပြေနု  ကို
စနိုး   စနောင့်  နဲ့ 
စိတ်ကောက်မိလိုက်တယ် ။



တိတ်ဆိတ် နေတဲ့   မနက် ခင်းထဲ
ကဗျာ ရေးမယ် ကြံတိုင်း
ကျမ  အိပ်ယာ ထ နောက်ကျလို့ 
အာရုံဦး  နဲ့    လေညှင်းလေး တွေ
အကျန  ကောက်ကြတာ
ချော့  လိုက်ရတာ လည်း အမော  တကောပဲ ။
 

ပေါ့ပေါ့  ပါးပါး  နဲ့ 
မနက် အိပ်ယာ နိုး  လာတိုင်း
ကျမ  ပြန်မတွေး မိတဲ့   အကြောင်း အချို့ 
မေ့ပျောက်ရင်း............
ကျမ  သောက်နေကျ  ကော်ဖီ ခွက်လေး
အရင်း အတိုင်း  အမြဲတမ်း အေးစက်စက် ။


ကျမ  စိတ်ကူး အိမ်ထဲ
အတွေး  တွေ  ဖောင်းပွ နေတယ်
မနေ့   ကျမ  ဆီက  ငှားသွား တဲ့ 
အလွမ်း တွေကို  အကြွေးပြန်တောင်းဖို့ 
ဒီနေ့   ကျမ စကား လုံး  လှလှ လေး ဖန်ဆင်းရအုံးမယ်
စာသား  တွေ  အရောင်ချယ် စရာ မလိုပဲ
ကာလာ အဖြူ အမဲ  နဲ့ 
ဒီနေ့    ကျမ  ရေး တဲ့  ကဗျာ 
ဗရုတ်သုတ်ခ   နဲ့   အနားမညီ  
ကဗျာ  မဆန် တဲ့ 
ဘုကျကျ  စာသားတွေ
အသက်  ၀င် ချင်သေးတယ်။။။။။။။။။




ညအက္ခရာ...........










0 comments:

Post a Comment