မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Saturday 13 July 2013

ကိုယ်ပိုင် သမိုင်းပဲ .....................................


ပြီးဆုံး သွားတာ မဟုတ်ဘူး
ဆက်မလျှောက်ဖြစ် တဲ့   လမ်းမို့ 
ဆက်   မသွားဖြစ်ခဲ့တာ
မုန်းလို့   လဲ မဟုတ်ခဲ့သလို
မေ့ မလား  မမေးနဲ့ 
အလွမ်း လည်း မရှိတော့
သြော်.............နင်  နဲ့   ငါ့  အကြား
သတိရမှု့    လေးတောင် မရှိတော့တာ   ဘာကြောင့်လဲ...........?
မေး  မလာနဲ့   ဖြေစရာ အဖြေ ပေးဖို့ 
နင့် အတွက် စကားကုန်သွားလို့ ပဲ.......။


တမ်းတခြင်း  တဲ့ 
မဟုတ်တာပဲ
မှန်းဆ  ဖို့ တောင်  နင့်  ဖက်
မတွေးမိဘူး
အဆိုး   ကြုံလာတော့
အကောင်းဖက်ကို မက်မောမိတာ 
ငါ ကိုယ်  ငါ  အပြစ်မရှိဘူး မထင်ခဲ့ သလို
လက်ရှိ  ငါ   သမိုင်းကို  
ငါ့  အတွေး နဲ့   ငါ့ ခန္ဓာ က  ဦးဆောင်နေတယ်...............။

နှစ်ဖက်တီးမှ  မြည်တဲ့   လက်ခုပ်လိုပဲ
နင် ကောင်းရင်  ငါ  မဆိုးပါဘူး
ဥပမာ  နှိုင်းရင် မှန်ကြည့်သလိုပဲ
နင် ပြုံး ပြမှတော့
ငါ  လည်း  မရယ်ပဲ မနေနိုင်ခဲ့ပါဘူး
ကိုယ်ပိုင်   အတ္တ  မဟုတ် တာသေခြာ တယ်
ဝေဒနာ တွေ  ကင်းတဲ့   အရပ်မှာ
ငါ........စိတ် တွေ သန့် စင်အောင်
အညစ်ကြေး  ကိုစွန့် လွှတ်ရင်
အရောင်တွေ  မ  ချယ်တဲ့ 
လောက မြေထဲ
ငါ့   သမိုင်းကို   ပျိုးထောင်လို့ ပေါ့


ညအက္ခရာ.................

0 comments:

Post a Comment