မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Saturday 17 November 2012

လွမ်းခွင့်မရှိတဲ့  အချစ်

စိတ်ကူးကို  ရွက်လွှင့်ကြည့်တယ်
အိမ်မက်ကို  စမ်းစစ်လို့ ရယ်
ဒါဟာ  မဖြင့်သင့်ခဲ့တဲ့   အရာလေးပဲ
ဘ၀  ဘ၀ တွေ က  မိုးမြေ လို ကွာခြားနေတာ
လက်တွေ့  မှာ   ကမ္ဘာခြားခဲ့ပြီး မို့  
ခပ် ဝေးဝေး  ကနေပဲ  လွမ်းနေတော့မယ်
ဘုရားကျောင်းငယ်လေး က လွှင့်  ထွက်လာတဲ့ 
တိုးတိုးလေး  တီးခတ် နေတဲ့    ဂစ်တာ သံလေး
ရင်ဘတ်တစ်ခုလုံး ကွဲကြေ နေမှ
အနာဂတ် ဆိုတာလှနေ  အုံးမလား
အရာရာ  က  ကိုယ်တော်  အလိုကျမို့ 
လွန်ဆန်ဖို့ လဲ  မတွေးဝံ့ တော့
ချစ်သူရေ   တော်ရာမှာပဲနေပါကွယ်
ပျော်စရာတွေ  မရှိတဲ့   ဒီလူ  ဘ၀ ထဲ
မလာပါနဲ့လို့တောင်းဆိုပါရစေ............

0 comments:

Post a Comment