မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Tuesday 6 November 2012

ပေးဆပ်ခြင်းလေး




သစ္စာတွေတည်လို့   ချစ်ပါတယ်ဆိုတဲ့
ဂတိတွေ အထပ်ထပ် ရစ်ဖွဲ့ 
အပြစ်ဆိုတာ  မြူတစ်မှုံ
သဲတစ်ပွင့် မရှိစေရ...


အမုန်းမပါတဲ့  မေတ္တာ  ကမ္ဘာတည်ဆောက်မယ့်
ယုံကြည်မှု့  ရဲ့  ပနက်လေးခိုင်မြဲဖို့ 
ထပ်တူကျတဲ့  ဒို့ နှစ်ယောက်
ရင်ခုန်သံတွေ  အုပ်မြစ် ချစို့ ချစ်သူ...

ရေမြေရပ်ခြား  ဝေးပေမယ့်
အဆင်ပြေတဲ့   တစ်နေ့   တို့ တွေ ဆုံစည်းကြမယ်
ချစ်သူ
ဘ၀  ရဲ့  သာယာမှု့  အပြည့်နဲ့ 
ချစ်သူအနားမှာ  နေချင်ခဲ့  သူပါ

သ၀န်တို ခြင်းကင်းတဲ့   ချစ်ခြင်းကို
လက်ခံထားပေးခဲ့ရင်   အရာရာဟာ
ဘာမဆို  အကောင်းတွေပဲ  ဖြစ်လာမှာပါ ချစ်သူ.......


ပျော်ဝင်မှေးစက်   ၀င်သက်ထွက်သက်
မှန်သမျှ   ချစ်သူအတွက်
ကျေနပ် ပေးဆပ်မယ့်သူက ကျမ ပါ
ထာဝရ   ချစ်သူရာ...........

0 comments:

Post a Comment