★nAnG☂mWe☂KhAm★ .ခြားနားမှုတွေရှာမရအောင်
ထပ်တူကျနေတဲ့ ကျမနဲ့သူ
ဆုံတွေ့ခွင့်လေး နှေးနှောင်းစွာနဲ့
သိခဲ့ရ သူအနားမှာတာ ခဏတာခစားနေရင်းနဲ့
ကျမတကယ်ကိုပျော်ရွင်မှုကို ရင်ဝယ်ပိုက်ပြီး
သူ့ကိုတိုးတိတ်မှုတွေနဲ့ ကျေးဇူးတင်နေမိတယ်
ဆုံတွေ့မှုလေး နှစ်ရက် သူနဲ့ကျမ အတူမျှဝေခံစားတဲ့
စကားလုံးတွေ ဘယ်တုန်းကမှမရခဲ့ဖူးတဲ့
ပျော်ရွင်ကြည်နူးမှု ဒီရင်ရဲ့အနက်ရိုင်းဆုံးမှာ
ကိန်းအောင်ကာထားတော့ ဖြူစင်သောစိတ်ထားနဲ့
သူနဲ့ကျမ ထာဝရ အတူတွဲလက်တွေမြဲလို့
အပြုံးကိုယ်စီနဲ့ ဘ၀ခရီးကိုဆက်သွားနေအုန်းမှာပါ.....။
(ညအက္ခရာ)... ......... မနီးခဲ့တဲ့  ရင်ခုန်သံနဲ့ ရှင့် ကို ကျမ လွမ်းမိတယ်
တစ်ကယ်ကို တစိမ်းတွေထဲက တစိမ်းတွေပါ
မမြင်ဖူးပေမယ့် ကျမ ရူးနေမိပြီး
ထူးထူးခြားခြား စိတ်ရဲ့  တောင်းဆိုမှု့ နဲ့ 
ခု............ကျမ လွမ်းဖျား ဖျားနေခဲ့တယ်
ဦးဦးဖျားဖျား မဟုတ်ပေမယ့်
ရှင် ပေးလာတဲ့ အကြင်နာတွေ
ရင်ထဲမှာ နွေးထွေးစေတယ်နော်
ကျေးဇူး ဆိုတဲ့စာလုံး မသုံးရက်ပေမယ့်
တစ်ကယ်ကို Thack ပါ နယ်ခြား အဝေး က
ရှင့်ပေးခဲ့တဲ့ မေတ္တာလေးနဲ့ မနီးမဝေးကနေ လွမ်းနေမယ်
ဖြူစင်ခြင်း အရောင်လေးနဲ့  ထာဝရ ခင်တွယ်နေမယ်နော်
ကြင်ယာဖက် မဟုတ်ပေမယ့် သံယောဇဉ်
အပြည့်ဝ နဲ့  ရင်ထဲမှာ ရှင်ဆိုတဲ့  သူ
ရှိနေမှာပါ " .....ခမ်း....... "ရယ်.။

0 comments:
Post a Comment