မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >
Monday 5 November 2012
တစ်ကိုယ်စာ အပြုံး
ညစ်စုတ်စုတ်  မိုးအလင်းမှာ
တစ်ယောက်ထဲသောက် ခဲ့ရတဲ့ 
ကော်ဖီခါးခါး
ခြောက်သွေ့ မွန်ကျပ်စေတဲ့
နာရီလက်တံ ရဲ့  လှောင်ရယ်သံ
ချစ်သူနဲ့   ရှိနေတဲ့   အချိန်ကို လုယူသွားတဲ့
စက္ကန့် တွေကို   ရန်လိုမိတယ် 
ပုံမှန်မဟုတ်တဲ့    ရင်ခုန်နှုန်းကို
ဘယ်လို   ကုထုံမျိုးနဲ့  နှလုံးသား ကို
ဘယ်လို  မွန်းမံ ရမလဲ
ထုဆစ့်လို့ ရတဲ့  တန်ဖိုးနည်း
အချစ်ကို   ချစ်သူ  မင်း  တန်ဖိုးထာစေချင်တယ်
ငါ   ရန်တွေ့ နေခဲံ့မိတယ်   ချစ်သူ
မနာလို သ၀န်တိုမှု့   အပြည့်နဲ့ 
ရင်ခုန်သံကို ဖုံးဖိမယ်...
သာယာစွာ  လှုပ်ခပ်နေတဲ့   ဆည်းလဲလေးလို
ငါ့  နုတ်ခမ်းလေးတွေ
ချစ်သူအတွက်  တစ်ကိုယ်စာ
ပြုံးပြနေမယ်  ဆိုတာ
ချစ်သူ    ယုံနော်..............................
1 comments:
မြတ်နိုးသူ said...
ပုံမှန်မဟုတ်တဲ့  ရင်ခုန်နှုန်းကို
ဘယ်လို ကုထုံမျိုးနဲ့  နှလုံးသား ကို
ဘယ်လို မွန်းမံ ရမလဲ
ထုဆစ့်လို့ ရတဲ့  တန်ဖိုးနည်း
အချစ်ကို ချစ်သူ မင်း တန်ဖိုးထာစေချင်တယ်
ကဗျာလေးခံစားသွားပါတယ်။
Post a Comment