မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Monday 5 November 2012

ရေမြေခြား ဆောင်းမနက်တမ်းချင်း




 ဆောင်းမနက် ရဲ့   နှင်းငွေ့  မပျယ်
မနက်ခင်း  လေးဝယ်
အမိမြေရဲ့   အမေ့အိမ်လေး
တမ်းတမိတယ်
သံလွင်မြစ်ရိုး တလျှောက်  မြူခိုးတွေဆိုင်
နှင်းတွေ  ဖုံလွှမ်းလှတဲ့  မြစ်ရိုးတန်းကို
လွမ်းလှပါဘိ
အို မိခင်ရယ်...............
တောင်စဉ် တောင်တန်း  ပေါများလှတဲ့
ရပ်ရွာလေးကို  အဝေးမြေမှတမ်းတရင်း..........

ကြည်ပြာစိမ်းလဲ့   မြစ်ရေ ထဲ ၀ယ်
ကူးလူးမြူးဆော့   ကလေးဘ၀ကို
အောက့်မေ့လှတယ်  အို...........မိခင်ရယ်

ဆည်းဆာနေ၀င်   ညနေခင်းရဲ့ 
 ကေလာသမြတပိတ်တောင်နဲ့ 
ညီနောင်တဖွယ် ကပ်လျှက်တည်  ဇင်းကျိုက်စေတီ
ဖူးမျှော် ရင်  မြစ် ရိုးတလျှောက်လှေလှော်ပျော်ပါး
သူငယ်ချင်းများ ရဲ့  သီကြူးကျွေးကြော်
ကျေးလက်တောနေ  ဘ၀လေးက
နွေးထွေးလှပါဘိ..

ရဟန်းမြတ်ရှင်  ကြည်ညိုဖွယ် များ
ဆောင်းတွင်းမနက်
ဒါနကုသိုလ်  ဆွမ်းချက်လောင်းလှု
ကြည်နူးဖွယ်ရာ  အာရုံမနက်ခင်းကိုလည်
လွမ်းမောမိတယ်....

ငယ်စဉ်ဘ၀ ပျော်မြူးခဲ့ရ ကျေးလက်တောနေ
သမီး ငယ်တယောက်ရဲ့ 
လွမ်းဆွတ့်  တမ်းချင်း
အောက်မေ့မှု ကို  အဝေးမြေမှ
မြို့ကြီးမှာနေ  မပျော်မွေ့ သူမို့ 
အမေ ရှိတဲ့  ကျေးလက် ရွာလေး
မှန်စ တမ်းတရင်  အဝေးရောက်နေ
 အမေ့  သမီး  ရေမြေရပ်ခြားမှ
အမေနဲ့  ရွာကို  မျှော်ငေးမိတယ်.....အမေရယ်

0 comments:

Post a Comment