မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >
Monday 19 November 2012
ဘောင်ကွတ်မလှ တဲ့  အိမ်မက်ည
ခင်မင်မှု့    ကို အရောင်ဆိုး
အချစ်ကို  ကိုးကွယ်ဖို့   
တိုက်တွန်းလာတဲ့   နတ်ဆိုး
မှောင်မဲမဲ  ချောက်ထဲ  ခုန်ဆင်းဖို့ 
အားအင်တွေ  နှိုးဆွပေးခဲ့သလို
မဟူရာ ညဉ့်  နက်နက်မှာ  ဘ၀တစ်ခုလုံး  ၀ါးမြို
အိမ်မက်ဆိုးတွေ  အခါခါ  မက်လို့ 
အနာဂတ်တစ်ခုလုံး   ပျက်သုန်းအောင်  ဇောက်ထိုးမိုးမျှော်
စိတ်ဓာတ်ကျ   ဘ၀မှာ   ဘာမှမရှိ  ခဲ့ တော့
ပေးဆပ်ချင်း  တဖက်သတ်နဲ့ 
ရပ်တည်မှု့   မရှိလေအောင်
ရိုက်ချိုးခဲ့တာ   ဘယ်အငြိုး     ကြောင့် လဲ
အချစ်ကို  အထည်လဲတွဲ
နွဲနေတဲ့   မင်းရဲ့ ဇာတ်ရှုပ်တွေ
တစ်ပါး သူ  မျက်ရည်ကျမှ
မင်း   ပျော်နေမယ်ဆိုရင်   ကံတရား က
ငါ  ပြုံးပြုံးလေး နဲ့   အဝေး တနေရာက
စောင့်ကြည့်နေမှာပါ............
0 comments:
Post a Comment