မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Sunday 25 November 2012

ရှင်သန်..နေသမျှ

ည တွေထဲ  အိမ်မက်တွေက ချိုနေတယ်

ရမက်   မပါတဲ့   စိတ်ကူးလေးကို

အတွေး    အရည်ဖျော်သောက့် 

နှစ်ယောက့်သား   သိပ့်ချစ်ခဲ့ကြတယ်

သာယာတဲ့   အပြုံးတွေ  ဖန်ဆင်း

ကမ္ဘာလေးလဲ  အေးချမ်းနေတယ်  ချစ်သူ

ရီဝေေ၀  ရဲ့   ချစ်သူ  မျက်ဝန်းတွေ ထဲ

ကျရှုံးခဲ့တာ   တဖြည်းဖြည်း  အတွေးလေး  တွေနဲ့ 

နစ်မြှုပ့် နေ  တတ်ခဲ့ပြီး 

စစ်သူကြီး  တစ်ယောက်ရဲ့   စစ်ရှုံးခြင်း  မဟုတ်ပေမယ့်

ဒီရင်ဘတ်ထဲက   အချစ်တွေက   ချစ်သူ  ရှေ့   ကျရှုံးခဲ့တာ

အယူခံ တင်သွင်းလို့ မရအောင်

 အချုပ်နှောင်း ခံခဲံ့ရပြီး   ချစ်သူ

ဖြူစင်စွာ  ပေးခဲ့တဲ့   အချစ်တွေ နဲ့  

ကမ္ဘာ  ကမ္ဘာ  တည်သမျှ   ထာဝရပေါ့     ချစ်သူ......

0 comments:

Post a Comment