မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Monday 19 November 2012

ချစ်သူ့ အနား



ပီတိ လေးနဲ့    ချစ်သူအနား

ရှိနေမယ့် အချိန်

တီတီတာတာ  အပြောလေးနဲ့ 

ကပ်ချွဲ  ......ချစ်သူရေ  ထာဝရမခွဲကြေးပေါ့

ကျမ ကို  ချစ်တတ်အောင်  သင်ပေးပြီး

အဝေးကိုထွက်မသွားပါနဲ့ နော်

ခံစားချက်  ထပ်တူကျတဲ့ 

နှစ့်ယောက် တစ့်ဘ၀  အိမ်လေး

အိမ်မက်တစ်ခု  နှစ့်ယောက်အတူမက်လို့ 

ထာဝရလက်တွဲ   မယိုင်လဲမယ့်  ခြေလှမ်း တို့ နဲ့ 

 နားခိုရာ  ဘ၀  အိမ်လေးထဲ

အေးတူပူအမျှ   အပြုံးလေးတွေနဲ့ 

အေးချမ်းစေတဲ့   အနာဂတ်ကို   တည်ဆောက်

ကျေနပ်စွာ  ကျော်ဖြတ်ကြမယ်

ချစ်သူ........


ကြည်နူးခြင်းနဲ့    ချစ်သူအနားရှိနေချိန်လေး

ဘယ်အရာနဲ့ မှ  မလဲနိုင်တာ

အချိန်ဆို  တဲ့   နာရီကို  ဆွဲထားချင်မိတယ်

တားလို့ မရတဲ့    စက္ကန့် တွေ ကို

အမျက်တော်ရှ   မနာလို  ၀န်တိုဖြစ်မိတာ

ချစ်သူ  သိလေမလား...........

သာယာ တဲ့  နေ့ သစ်လေးများ နဲ့ 

ထာဝရ  ပျော်ရွှင်ပါစေ

ချစ်သူ...............................

0 comments:

Post a Comment