တစ်ရွာသား နဲ့  ရည်စား ထား ရတာ
ဖိနပ် မပါ တဲ့  ခြေထောက်
ဆူးစူး မှာ လည်းကြောက်ရ သလို
သူ နဲ့  ဝေးရမှာကို တွေးကြောက်မိတယ်
တစ်ခါတလေ ရီရီမောမော နဲ့ 
တစ်ခါ တရံ စိတ်ကောက်ကြတယ်
နဖူးစာ ရွာလယ် လို့ 
သံယောဇဉ် တံတား ထိုးမိပါတယ်
သူ အလိုကျ လိုက်လျှောမိတာ
ကိုယ့်ကိုကိုယ် တောင် ဘာမှန်း မသိတော့ဘူး
သြော်...........အချစ်ဆိုတာ လည်း ဆန်းကျယ်ပါလားကွယ်.............
လွန်ဆန် မရတဲ့  အမိန့် 
ချစ်သက်တမ်း တိုးလာ တဲ့အမျှ
သူ့  အကြိုက်လိုက် သူ့ တဘောကိုဆောင်
"ဟအင်း" တစ်ခွန်း ငြင်းခွင့် မရှိ
"ဟုတ်ကဲ့" တစ်လုံး နဲ့  တင်...
သူ့ အရိပ် အောက် တပ်သား တစ်ယောက် အဖြစ် နဲ့  ငါ
ရှေ့ ဆက်မယ့် လမ်း တိုင်းကို ဆူး ခလုပ် မရှိစေချင်ဘူး ကွာ
ညအက္ခရာ...
2 comments:
အရမ်းခံစားလို့ ကောင်းတဲ့ ကဗျာလေးတွေပါ။
အရင်က မခံစားတက်ဘူး။အခု ကဗျာတွေ ကို ခံစားတက်လာပြီ။
အားပေးနေတယ်နော်။ ကြိုးစားပါနော်။
ကြိုက်တယ်
Post a Comment