မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 15 May 2013

အပိုင်း အစ များသို့ >>>>>>>>>

 Art Image
အချစ် ကို  ကစား စရာ အမှတ်နဲ့ 
အနှစ်သာရ   မပါ တဲ့ 
စကား လုံးတွေ သုံးပြီး
နင်........  က  ချစ်သတဲ့

ချစ်နေစဉ် ခဏ
မကြာလိုက်တဲ့   ကာလ အချိန်မှာ
မိဘ ရွှေမျိုး အပေါင်းသင်းဖျက်လို့ 
ဇာတ်လမ်း တစ်ဝက်နဲ့ 
အကြောင်းပြချက်မယ့်
နင်.......လမ်းခွဲ ခဲ့တယ်

အမဲစက် မဲ့ တဲ့
လူရယ် ရှိသလား
အမြူ အမဲ  ခွဲခြားခဲ့တာ
ငါ  .ဆိုတဲ့ မိန်းမ  တစ်ယောက် က
လူရာ မ၀င်တဲ့ 
လူ တစ်ယောက်ဖြစ်နေခဲ့ သလား..

တန်းဖိုးရှိ  တဲ့ အချိန် ကိုဖြုန်း
နင်  လိုလူကိုမှ  ယုံကြည်မိတယ်  
ငါ့ ကိုယ်ပိုင်  အနားယူချိန် ကိုတောင်
မလိုအပ်ပဲ  အသုံးချမိတဲ့ 
ငါ.........အမှားကြီးမှားခဲ့တယ်

ဇာတ်လမ်း အဆုံး မှာ
မျက်ရည်သုံးပြီး  နိဂုံ  ကို အချုပ်
မချိပြုံး နဲ့   ငါ့ နှလုံးသား
တိုးတိုးလေး  သဂြိုလ် ခဲ့တယ်

မေ့ခဲ့ပြီး  ဖြစ်တဲ့   အချိန်လေးအတွက့် 
အိမ်မက်  မက်လို့ 
နင့်  အကြောင်းပါခဲ့ ရင်
SHAMPOO ကိုသုံးပြီး
CONDITIONER နဲ့  လျှော်ချပစ်လိုက်မယ်
 

ညအက္ခရာ(((((((((((((((((((((((((

0 comments:

Post a Comment