မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Tuesday 21 May 2013

အနားနား နေခွင့်ပေးပါ


ရင်ခုန်သံတွေ နဲ့ 
ခဏ တာမှေးစက်ခွင့်ရတဲ့ 
ချစ်သူရင်ခွင်မှာ 
အချစ် နဲ့   မေတ္တာ  ယှဉ်တွဲပြီး
ပျော်ပျော် နေချင်ပါတယ်

မလိုအပ်တဲ့   အကြောင်းတွေကို
ခဏ မေ့ထားပြီး
ကာရန်မညီတဲ့   ကဗျာ  ကို
တူတူ  စပ်ဆိုရင်
ပျော်စရာ တွေ နဲ့  အတူတူ 
အကြင်နာ  ကမ္ဘာ လေး  ဖန်တီးကြမယ်

ဖြူစင်တဲ့   စကားလုံးတွေ နဲ့ 
အေးမြတဲ့   အရိပ်ခိုလှုံရင်း.......
သစ်လွင်တဲ့   အတွေးအိမ်လေးထဲ
ဘ၀  ကြင်ဖော်အဖြစ်
အိမ်မက်တွေတိုင်းမှာ
ချစ်သူ အနား  နေခွင့်ပေးပါ

ရူးနေခဲ့ပါတယ်
နေမြင့်တိုင်း ပေါ့
ချစ်နေခဲ့ပါရက် နဲ့ 
ပစ်ပယ်  မထားခဲ့ပါနဲ့  နော်
ချစ်တယ်  ဆိုတာထက်
သစ္စာ  မပြုရက်လောက်အောင်
နှစ်နှစ်ကာကာ ချစ်မိခဲ့လို့ ပါ

ညအက္ခရာ((((((((((((((((((((((((((((

0 comments:

Post a Comment