မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Friday 10 May 2013

အတွေး ပေါက်တတ်ကရ နဲ့  ကျမ

တတ်ပဲ  တတ်နိုင်လွန်းတယ်
တစ်ဝက် တစ်ခြမ်း  အဆုတ်ခံရတဲ့ 
ငါ့ အသဲ ကိုမှာ
နယ်နိမိတ်  ချင်း  ထိစပ်စေဖို့ 
နင့် အနား   ပြန်လာစေချင်သတဲ့လား

တစ်ခြမ်းစီ ကွဲကြေသွားတာ
ပိုင်ခြား လိုက်တာ မဟုတ်ဘူး
ငါ  ကိုယ်တိုင်း  မဆုတ်ဖြဲပဲ
ကွဲကြေ သွားတဲ့   ရင်ခုန်သံဟာ
နင်  နဲ့   ငါ  အကြား
နှလုံးခုန်သံ မသက်ဆိုင်ခဲ့တော့ဘူး

ဘယ်သူ  က  အရှေ့ တိုးပြီး
ဘယ်သူ  က  စချစ်ခဲ့တာလဲ
စက္ကူ  ဘယ်လောက်  ကောင်းကောင်း
ခဲ့ဖျက် နဲ့   ခဏ  ခဏ  အဖျက်ခံရရင်
စက္ကူ   လဲ  ဆုတ်ပြဲနိုင် သလို

နင်  နဲ့   ပတ်သက်ခဲ့တဲ့ 
ငါ့   ရင်ဘတ်ကြီးကလဲ
နင်  ပေးခဲ့တဲ့   သံဒယ အချစ်တွေကြားမှာ
ချို  တစ်ခါ   ခါး တစ်လှည့် 
အချစ်  ဒဏ်ရာ တွေရဲ့ 
အဲ့ဒီ  နေ့ တွေ   အတွက်
သက်ဆိုင်ရာ  ကိုတောင်
အကြောင်းမကြား  နိုင်ခဲ့ဘူး ..................


ညအက္ခရာ(((((((((((((((((((((((((((((((((((((((

0 comments:

Post a Comment