မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Wednesday 29 May 2013

သက်မဲ့ အလွမ်း






" သွားတော့မယ်နော် "
ကံဆုံ ရင်  ပြန်ကြုံမယ်လို့ 
မကြင်နာသူ  လမ်းအခွဲ
အလွမ်းတွေ နဲ့ 
သောက လမ်းထဲမှာ
မျက်ရည်တွေ  အပြိုင်းရိုင်းလွင့် ကျနေတယ်

လွမ်းဆွတ် သူ  တစ်ယောက်ရဲ့ 
အိမ်မက် ကျကွဲခဲ့လို့ 
အလွမ်း  ဘူတာမှာ
စူးစူးဝါးဝါး  ခံစားချက်  ဥသြ ဆွဲ  လိုက်တာ
ရင်ဘတ် တစ်ခုလုံး ဆူညံသွားတယ် 

ပြက္ခဒိန် တိုင်းမှာ
မနက်ဖြန်  ဆိုတာ  
နာမည်  ဆိုး  မရှိဘူး
ဒီနေ့  နဲ့ 
နောက် ည  တွေမှာ 
ပျော်ပိုင်ခွင့်   မရှိလို့ 
ကိုယ်ရေး ကိုယ်တာ နဲ့ 
ကဗျာ  တွေ  တိတ်တစ်ဆိတ်  နေအုံးမှာပါ
  


 
 ညအက္ခရာ(((((((((((((

0 comments:

Post a Comment