မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Tuesday 7 May 2013

စိတ်ကူး ပေါက်ကရ နဲ့ ကျမ ကဗျာ


ကျမ စိတ် က နည်းနည်း
မုတ်သုံ ရာသီ ဆန်တယ်
ခန့် မှန်ရ ခက်တဲ့ 
ရာသီ ဥတု  လိုပဲ
ဘ၀ ကို  တမ်းတ  မိတိုင်း
ကဗျာတွေ  ရေးမိတယ်
ဒါပေမယ့်  ကျမ  ကဗျာဆရာမ
တစ်ယောက် မဟုတ်ခဲ့တဲ့ 
အညတရ မိန်းမ  တစ်ယောက်ပေါ့

စိတ်ကူးတွေ ဖြတ်သန်းရာ
နေရာတိုင်း က
ဂန္တာရ  ဆန်ဆန်ပဲ
အတွေး တွေ နဲ့  တည်ထောင်တဲ့ 
တိုင်းပြည်မှာ  ကျမ  ဟာ
ခပ်ဝါးဝါး    ဘုရင်မ ပေါ့
ဆွဲကိုင် ထားတဲ့ 
စိတ်ရဲ့  ဓားထက်ထက်  တစ်လက် နဲ့ 
မာန သံကျပ်ကာ ၀တ်စုံ တန်ဆာဆင်လို့ 

မာန ကို ထိပါးလို့
အလိုမတူ ပဲ  ကျကျ လာတဲ့ 
အချိုး  မကျ  တဲ့   ဒီမျက်ရည်
အချိန်ခါ  မဟုတ်
ဒီ  ခပ်စုတ်စုတ်  စိတ်ကူးတွေနဲ့ 
ပေါက်တတ်ကရ  အတွေးတွေ ၀င် တိုင်း
ကျမ  မျက်ရည်  ဝေါကနဲ    ကျမိတယ် 

မနက် ခင်းရဲ့   လေပြေတွေ 
ခုန်ပေါက်ဆော့  ကစားနေချိန်
လိုက်ဖမ်း လိုက်ရတဲ့  အတ္တ  တွေပေါ့
သိပ် မထူးဆန်း တော့ပါဘုး
(တကယ်ကို  ) အတ္တ ဆန်တဲ့   ကျမ
အလွမ်းတွေ ကို  ခန့်   သန့် သန့် ပဲ
လူမသိ သူမသိ
သိမ်းဆည်း ထားလိုက်ပီ

ကော်ဖီ  အထည့်များ လို့ 
ကျမ  ဖျော်တဲ့    ကော်ဖီ  ခါးသက်လှတယ်
သောက်မရတဲ့ 
ကော်ဖီ  ခါးခါး  ကို
မက်မောက်စွာ  သောက်အချ
ခံစားရခက် တဲ့   အရသာ  မဲ့ 
ကော်ဖီ  ခွက် နဲ့   အတူ
ကျမ  မလိုချင် တဲ့ 
ဘ၀  ကို  ဖက်တွယ်ရင်
မနက်ဖြန်...........
.
.
.
.
မနက်ဖြန်.....တိုင်း  ကို    ကျမ   ဖြတ်သန်းနေရဆဲပါ


ညအက္ခရာ(((((((((((((((((((((((((((((((((((

0 comments:

Post a Comment