မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Sunday 26 May 2013

အလိုအပ်ဆုံး က နွေးထွေးမှု့ 



ကိုယ့် အနားမှာ ရှိတဲ့  သူထက်
ဘယ်သူ က  ကိုယ့် ရဲ့ 
အဆိုး  အကောင်း  အနာစာကို
နားလည်ပေးမလဲ
လက်တွဲဖို့   ရဲဝံ့စွာ
ကိုယ့်  လက် ကိုတွဲ
လူပုံ အလည်  ဖြတ်လျှောက်ရဲခဲ့သူ

ဘယ်တော့မှ လက်တွဲဖြုတ်ဖို့ 
မတွေး ခဲ့သလို
ကိုယ့်  ကို ချစ်ပါတယ်လို့ 
ဆိုလာတဲ့ သူတွေ နဲ့  ချစ်သူ ကိုယှဉ်ကြည့်တယ်
သူ က  ကိုယ့်ရဲ့   သူရဲကောင်း ပဲ



သူ့ အကြိုက်  ကိုယ့်အကြိုက် နဲ့ 
နှစ်ကိုယ်သူ  လျှောက်မယ့်  လမ်း အတွက်
ကိုယ့်  တဘော ထား
သူ့ တဘော ထား ရွေးချယ်ရင်
မဝေး  တဲ့  အနာဂတ်ထဲ
သူ   နဲ့    ကိုယ့်  ဘ၀  အိမ်လေး
ဆေးရောင် လှလှ  ချယ်သဖို့ 
နေရာ နဲ့   ဒေသ  ကို  ခုထဲက ရွေးချယ် ခဲ့ ကြတယ်

စာနာ  တတ်ပြီး
ကိုယ့်  အလိုက် မငြူစူ ပဲ
ဒါမကြိုက်ဘူး ဆို  ................OK
ငို မနေရင် ပြီးရော
အရာရာ သူ  လိုက်လျှောပေးခဲ့တယ်

သူ့  အတွက်  အိမ်ရှင်မ
ကိုယ့်အတွက်   အိမ်ဦးနတ်  လို့ 
သတ်သတ်မှတ်မှတ်  နဲ့ 
သူ  ရယ်  ကိုယ်  ရယ်
နေ့ စဉ်  နဲ့ အမျှ
ပီတိ နဲ့  အပြုံး  ဝေေ၀ဆာဆာ
မမောတမ်း  ပြောခဲ့တာ  က
ဘယ်တော့မှ  လမ်းခွဲကြေး တဲ့ 


ညအက္ခရာ(((((((((((((((((


1 comments:

ရင်လှိုင်းခတ်သံ said...

အလိုအပ်ဆုံး နွေးထွေးမှု က ဘယ်တော့မှ လမ်းမခွဲကြေးပေါ့နော်..။

Post a Comment