မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Friday 10 May 2013

ကျမ ရဲ့ နေစဉ့်  နေ့ တိုင်း အလွမ်း

ချစ်သူ အတွက့်  ဆို
ငါ့  ဘယ်ဖက် ရင်အုံ  တစ်ခြမ်းက
အမြဲချိုနေတယ်
အပို  မသုံးဘူး
တစ်ကယ် ကို ချစ်သူ မရှိရင်
မဖြစ်နိုင်တဲ့  ဘ၀ မို့ 
ခပ်  ခွာခွာ  နေလို့ 
မဖြစ်နိုင်  ဘူးထင်တယ်နော်

အချစ် တွေ  ဒီရင်ဘတ်ထဲ
အသစ်  မလာစေရ
ချစ်သူ ပေးတဲ့    ရင်ခုန်သံတွေက
ငါ့  အတွက် အမြဲတမ်း သစ်လွင်နေတာမို့ 
နေ့ သစ်တိုင်း ရဲ့   အလွမ်းဟာ
ထာဝရ  မညစ်နွမ်းခဲ့တာ
ချစ်သူ  ငါ့ အပေါ်  တမ်းတမှု့ တွေက
လန်းဆန်းနေတာ  မို့ ပါ

မနက် က လေပြေ ဖြတ်အတိုက်
ငါ့ ပါးပြင် နွေးကနဲ    ပူရှိန်သွားတာ
ချစ်သူ အနမ်း ဆိုရင်
ငါ  ဘယ်လောက် ရင်ဖိုနေမလဲပေါ့
သတိရပါတယ် ချစ်သူ  တမ်းတ  ပါရဲ့ 
ဘယ်တော့  ရဲ့  ဘယ်နေ့   ရောက်မှ
တို့  နှစ်ယောက်  နီးမလဲ ကွယ်

0 comments:

Post a Comment