မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Tuesday 7 May 2013

မလွမ်းရဲ သေးလို့ 

ကျမ..........ငေးကြည့် နေတာ  ချစ်သူ  မျက်နှာ
အတွေး  သောင်းခြောက်ထောင် နဲ့ 
လက်ရှိ လဲ  ချစ်တယ်
နောက်  နောင်လဲ ချစ်မယ်


ဧဒင်    အချစ်ဥယျာဉ်  ရဲ့ 
ခြံဝင်း ထဲက  ပန်းသီး က ချိုနေသလား
မယုံမရဲ  အာရုံ နဲ့ 
ချစ်သူ ပါးပြင်  ကို   ကျမ  ခိုးနမ်းကြည့်တယ်
ရင်ခုန် ခဲ့တာလား  -  ရင်တုန် ခဲ့တာလား
ကျမ    မသိခင်   ချစ်သူ က
ကျမ   နှလုံးခုန် သံကို
အပိုင်သိမ်း ခဲ့တယ်


မနီးစပ်သေး  တဲ့ 
တောင်ဝင်ရိုးစွန်း  အလွမ်း  နဲ့ 
မြှောက်ဝင်ရိုးစွန်း   တမ်းချင်း တွေ
ကျမ  တို့   ချစ်သူ နှစ်ဦး  ကြားမှာ
ခုန်ပေါက်နေကြတယ်
ရင်ခုန်သံ  နီးစပ်ချင်လို့ 
ကျမ  ချေလိုက်ရတဲ့   ရတြာ တွေ
စိတ်ကူး  အသပြာ  တွေ  မနဲ  မနောပဲ
ကုန်ကျ ခဲ့တယ်
 
ခြေရာဖျောက်ဖို့   ကြိုးစားနေသူ
တစ်ယောက်  အတွက်
စနေထောင့်  မှာ နေကြာပန်းတွေ လဲ
လှုခဲ့သေးတယ်
ယုံကြည်လို့   ရသမျှတော့
ကျမ   သူ့ ကို ချစ်နေဆဲမို့ 
စိတ်   အနာတွေ
မပေးသမျှ   အမုန်း  ဥသြ
ကျမ  မဆွဲ  ပါရစေနဲ့ နော်

ညအက္ခရာ(((((((((((((((((((((((((


0 comments:

Post a Comment