မောင်နဲ့ ကျွန်မ တယောက်ကိုတယောက် ဖေးမရင်း နှစ်ယောက်တအိမ်မက် ဘ၀ လေးကို.......... ,ယှဉ် တူ တွဲ ပြီး နှစ် ယောက်ကမ္ဘာ အိမ်မက် လှလှ ဆေးရောင်ချယ်ရအောင် မောင်ရေ>>>>>>> >>>>>>>> >

Monday 6 May 2013

အချိန်တွေ လွန်ခဲ့သော ကလေး ဘဝ


မလှပ တဲ့ 
အနာဂတ် ကို
လျှော့ဈေးပေးလို့ 
ဒစ့်စကောင့် ချရောင်းခဲ့ရင်
အလကား ပါလို့   အော်  ကာရောင်းလဲ
ဝယ်ရဲသူ မဲ့နေလောက်တယ်

ဘ၀အလွဲတွေကြားမှာ
ချစ်သူ ဆိုတာရော
ငါ့  ဘေးနား မှာ
အချိန်ပြည့်  နားလည်ပေးနေမလား


ငါ ပိုင်ဆိုင်တဲ့ 
ခပ်  မောမော  ရင်ဘတ်  တစ်စုံ
အကြွယ်ဝ  ဆုံးလို့  သတ်မှတ်ရမဲ့
အတွေး တွေ  ဖောင်းပွနေတဲ့ 
အုံးနှောက်  တစ်လုံး ကို
သိုသိပ်ရာ   ရှာနေခဲ့တာ
အရိပ် တွေ့ ရင် ကူပြောကြပါ

ကလေးငယ်  တစ်ဦး 
အပူကင်းလို့ 
တက်မက်   ခြင်းတွေ  မရှိတဲ့
ဘ၀  ကို  ပြန်လိုချင်စမ်းပါရဲ့ 

ညအက္ခရာ((((((((((((((((((((((((((((((((((




0 comments:

Post a Comment